Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

တောင်အာဖရိကစာရေးဆရာ စာပေနိုဘယ်လ်ဆုရှင် Nadine Gordimer


 တောင်အာဖရိကစာရေးဆရာ စာပေနိုဘယ်လ်ဆုရှင် Nadine Gordimer ဟာ
၂ဝ၁၄ခုနှစ် ဇူလှိုင်လ ၁၃ရက်နေ့က အသက်၉ဝအရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ စာရေးဆရာမ Gordimer ဟာ လူမျိုးခွဲခြားရေးကြောင့်ဖြစ်ပေါ်လာတဲ့ မတရားမှုနဲ့ အကြင်နာမဲ့ရက်စက်မှုအကြောင်းတွေကို
တစိုက်မတ်မတ် ဦးစားပေးရေးခဲ့တဲ့ စာရေးဆရာဖြစ်တယ်။

၂ဝဝ၆ခုနှစ်က သူ့နေအိမ်ဝင်လုခံရတော့ အဲဒီတုန်းက အသက်၈၂နှစ်ရှိပြီဖြစ်တဲ့ Gordimer ဟာ ဓမြတွေရဲ့ခြိမ်းခြောက်မှုကိုခံခဲ့ရလို့ သူပိုင်ဆိုင်သမျှ ငွေကြေး၊ လက်ဝတ်ရတနာတွေကို ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့လက်ပေါ်က လက်ထပ်လက်စွပ်ကို ချွတ်မပေးခဲ့လို့ ဓမြတွေရဲ့အထုအထောင်းကို ခံခဲ့ရပြီး ဆေးရုံရောက်ခဲ့ရပါတယ်။

သူဟာ လူမျိုးခွဲခြားရေးမမျှတမှုတွေကို သတ္တိရှိရှိရေးသားပြောဆိုခဲ့သလိုပဲ
ချစ်ခြင်းအပေါ်ထားတဲ့ ကတိသစ္စာကိုလည်း သတ္တိရှိရှိခုခံကာကွယ်ခဲ့ပါတယ်။


No comments:

Post a Comment