Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 14, 2014

ပန်းချီ ဆရာ Millais ဆွဲတဲ့ အိုဖယ်လီယာ ရေနစ်သေတဲ့ ပုံ




Turin က metro ဘူတာတိုင်းမှာ Ophelia ပုံ တွေ့တော့ လန့်တောင် လန့်တယ် ။ တိုက်တိုက်ဆိုင် ဆိုင် အဲ့ပုံအ ကြောင်း ဖတ်မိထားတာ မကြာသေးဆိုတော့ ...

တကယ်က မိန်းက လေးတစ်ယောက် ရေနစ် သေတဲ့ပုံပါ.......ဂျပန် မှာ တစ်ခါက အဲ့ပုံတူကို ကြော်ငြာတစ်ခုမှာ သုံးဖို့ ထင် ပါရဲ့ ....လုပ်တာ အ,မင် ဂလာ ဆိုပြီး တားမြစ်ခံရတယ် ဆိုလား ....သေချာတော့ မ မှတ်မိတော့ဘူး ။

ဇာတ်လမ်း က ရှိတ်စပီးယားပြဇာတ် ။ အိုဖယ်လီယာ ဆိုတဲ့ မိန်းကလေး က Hamlet ဆိုတဲ့ ဒိန်းမတ် အိမ်ရှေ့မင်းသားနဲ့ ကြိုက်တယ် ။ မင်းသားက အ ပျော် ကြံမှာ စိုးလို့ ကောင် မ လေး အ ဖေ နဲ့ အစ်ကို က တားတယ် ။ နောက်တော့ အဆင် ပြေ မလို အလုပ်မှာ နားလည်မှု လွဲပြီး ကောင်လေးက ကောင် မ လေး အ ဖေကို သတ် တယ် .....

ကောင် မ လေး အစ်ကိုက တစ်ခါ ကောင်လေးကို သတ်ဖို့ လုပ်ပြန်တယ် ။

ဒီအရှုပ် တော်ပုံ ကြားမှာ Ophelia တစ်ယောက် စိတ်ညစ်ပြီး သေ ။ အဲဒီ သေတာကိုဘဲ the most poetic death in English literature ဆိုပြီး တစ်ခမ်းတစ်နား စာဆို ကြ။

စိတ်ဖိစီးနေတဲ့ Ophelia တစ်ယောက် ကမ်းစပ် သစ်ပင် တစ်ပင် ပေါ် က ပန်းတွေကို တက် အခူး ပြုတ်ကျ , ရေနစ် ......

အဲဒီမှာ ပ ဟေဠိက ရေထဲပြုတ်ကျတဲ့ အိုဖယ်လီယာ ဟာ ကူးရင် လွတ် နိုင် ရဲ့သားနဲ့ မကူးဘဲ တမင် လက်လျှော့ နေလိုက်ပြီး အ သေခံသွားသလား ပေါ့.....ကိုယ်အသက် ကိုယ် နှုတ်ယူ ချင် ရ လောက် အောင် ကို စိတ် ညစ် နေခဲ့တယ် လို့ ယူဆကြသတဲ့.. ...

ပန်း ခူးတဲ့ အဓိပါယ်က သူနဲမင်းသားကြား မိသားစုက သ ဘော မတူတဲ့ ကြားက လွန် လွန် ကျူးကျုးဖြစ်ခဲ့မိလို့ deflower ဖြစ်ခဲ့တာကို ရည်ညွှန်းတယ် ဆိုလား.........အို...ဘယ့် .....အိုဖယ်လီယာ ......ဒီခေ တ်မှာ ဆို ညည်း ပြသနာ က ပြသနာ စာရင်းထဲ မ၀င် ဘူး အေရယ် ။ ဒီလောက်လေးနဲများ သေစရာလား လို့ ပြောမယ့်သူချည်းဘဲ နေမှာ......

ဒီပုံ ဆွဲတဲ့ အင်းဂလိပ် ပန်းချီ ဆရာ Millais က အိုဖယ်လီယာ ရေနစ်သေတဲ့ ပုံကို ဆွဲဖို့ သူ့ မော်ဒယ် ကောင် မ လေးကို အင်းကျီ အပြည့်အစုံ ၀တ်ခိုင်းပြီ ရေချိုးကန်ထဲ နာ၇ီ ပေါင်းများစွာ ဆင်း ခိုင်းသတဲ့ .......အဲတော့မှ ရေထဲမှာ အိုဖယ်လီယာ ရဲ့ ဂါဝန် ဖောင်းနေပုံ , ဆံပင် တွေ ရေစီးနဲ့ မျောနေပုံ အ သေးစိတ်ကို ဆွဲလို့ရမှာကိုး ။

တစ်နေ့ကို နာရီ ပေါင်းများစွာ နဲ့ လ ပေါင်းများစွာ အ သေးစိတ် ဆွဲသတဲ့ ......ဟို မော်ဒယ်မ လေးခမျာ သူ အခိုင်းကောင်းလို့ အ အေးတွေပတ်ပြီး ဖျားသွားတာနဲ့ သူ့ကို တရားဆွဲလို့ ဆေးဖိုး လျော်ကြေး ပေးလိုက် ရတယ် ဆိုတယ်......လူထူး လူဆန်းတို့ရဲ့ Passion ဆိုတာ ဒါလား မသိ ။

ပန်းချီဆရာ Millias က Pre-Raffaelite movement မှာ ပါတယ် ။ ဖြစ်ပုံက.....

၁၅ ရာစုလောက်မှာ အီတလီ ရီနေးဆန့် ပန်းချီဆရာ တွေ ဖြစ်တဲ့ မိုက်ခဲလ်အန်ဂျယ်လို ၊ ရာဖယ်လေး ၊ လီယိုနာဒို ဒါဗင် ချီ တို့ ဆွဲတဲ့နည်း ကို mannerism လို့ ခေါ်တယ် ။ 19 ရာစုမှာ အင်္ဂလိပ်လူမျိုး Dante Gabriel Rosetti ဆိုတဲ့လူက mannerism ကိုဆန့်ကျင် တဲ့ movement တစ်ခု လုပ်တယ် ။ တကယ်တော့ အဲဒီ လူက အင်္ဂလိပ် လူမျိုး ပေမယ့် အီတာလျံ နွယ်ဖွားပါဘဲ....နာမည် ကိုက Dante ဆိုပြီး ရှေးခေတ် အီတလီ စာဆို နာမည် ယူထားတာ ။ Gabriel ဆိုတာကလည်း အီတလီ နာမည် Gabriele ဆိုတာကို အင်္ဂလိပ် ဗားရှင်း ပြောင်း ထားတာ ။ Rosetti ဆိုတာ က လည်း very typical Italian family name တစ်ခုပါဘဲ ။

သူက ရီနေးဆန့် ပန်းချီဆရာတွေ ဖြစ်တဲ့ Raffaelle ( အင်္ဂလိပ်လိုဆိ Raphael ) တို့ကို ဆန့်ကျင်ပြီး Raffaelle တို့ မတိုင် မီ ခေတ်က နည်းတွေ အတိုင်း ဆွဲတယ်...ဒါ ကြောင့် Rosettiနဲ့ သူ့ လိုင်း ကို လိုက်တဲ့ပန်းချီဆရာတွေကို Pre-Raphaelite brotherhood လို့ ခေါ် တယ် ။

နည်းနှစ်ခုကြားက ကွဲပြားချက် တွေကို တော့ သေချာ မရှင်းပြတတ်ပါဘူး ။ တကယ့် ပန်းချီ ဆရာတွေက တော့ ပိုသိမယ် ထင် ပါရဲ့ .......Pre-Raphaelite တွေကို ကြည့် ဖူးသမျှ သတိထားမိတာတော့ မိန်းမ အရမ်းဆန်တဲ့ မိန်းက လေး ပုံတွေများတယ် ထင် တာ ဘဲ .....အဖုအထစ် တွေကို အသားပေး...ဒါပေမယ့် အတုံးလိုက် အတစ်လိုက်တော့ မဟုတ် ....ပန်းတွေ ၊ ရေကန်တွေ ၊ တိရစ္ဆာန် တွေလည်း ဝေေ၀ဆာဆာ တွေ့တယ် .......( ဒါက လူပိန်းအမြင် ဆိုပါစို့ .....)


No comments:

Post a Comment