(၂၀.၈.၂၀၁၄)ရက်နေ့၊ နေ့လည် (၁၄း၁၅)နာရီအချိန်ခန့်တွင်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြားတွင် JJ
Express ယာဉ်လိုင်းမှ နေပြည်တော်-မန္တလေးခရီးစဉ်၊ ယာဉ်အမှတ် 1G/1493၊
ယာဉ်မောင်း – ဦးတင်လင်းအောင်၊ အသက် (၃၅)နှစ်၊ (ဘ) ဦးစံလှ
မောင်းနှင်သောယာဉ်သည် မိုးရွာသွန်းနေစဉ် အရှိန်ဖြင့်မောင်းနှင်မှုကြောင့်
လမ်းကွေ့တွင်စလစ်ဖြစ်ပြီး အသွားလမ်းမှ လမ်းလယ်ကျွန်းကို ကျော်ကာ
အပြန်လမ်းဘက်သို့ရောက်ရှိပြီး ဘေးတစ်စောင်းတိမ်းမှောက်သွားသော
ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး
(၁၁)ဦး၊ ပေါင်း (၂၉)ဦးပါရှိခဲ့ပြီး ယာဉ်မောင်းအပါအ၀င် အမျိုးသား (၁၂)ဦး၊
အမျိုးသမီး(၂)ဦးတို့မှာ ဒဏ်ရာအသီးသီး (အားလုံးမစိုးရိမ်ရ) ရရှိခဲ့သဖြင့်
ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့နှင့်
အမြန်လမ်းရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး နေပြည်တော်ခုတင်(၁၀၀၀) ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာရရှိသူများတွင် တယ်လီကွန်းကုမ္ပဏီမှ
တရုတ်နိုင်ငံသား အင်ဂျင်နီယာအမျိုးသား(၂)ဦးနှင့် သြစတေးလျနိုင်ငံသူ
မြန်မာစာ (Ph.D)စာတမ်းပြုစုရန် လေ့လာနေသူတစ်ဦးတို့ ပါရှိခဲ့ပါသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သောယာဉ်၏ နောက်ဘီး(၄)ဘီးလုံးမှ တာယာများမှာ
တာယာသားပန်းများလုံးဝမရှိဘဲပြောင်ချောနေပြီး
စတီးကြိုးများပေါ်သည့်တိုင်အောင် ပါးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၎င်းယာဉ်မောင်းသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်
ယာဉ်မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိစေရေးအတွက်
အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း
ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှပူးပေါင်းပြီး ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊
သတ်မှတ်အမြန်နှုန်းဖြင့်သာမောင်းနှင်စေရေး
အချိန်ထိန်းကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက် လျက်ရှိနေသော နေပြည်တော်
(စီ)လမ်းဆုံ တိုးလ်ဂိတ်အားဖြတ်သန်းမောင်းနှင်ခြင်းမရှိဘဲ
အမြန်လမ်းပေါ်တက်ရောက်ရန် ခွင့်ပြုထားခြင်းမရှိသောနေရာမှ
မောင်းနှင်တက်ရောက်ခဲ့ပြီး
ရာသီဥတုပုံမှန်မဟုတ်ဘဲမိုးသည်းထန်စွာရွာသွန်းနေစဉ်တွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့မှုကြောင့်
ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်း
များမှ ယာဉ်မတော်တဆမှုများဖြစ်ပွားခြင်းမရှိစေရေးအတွက်
အမြန်လမ်းအသုံးပြုသည့် မော်တော်ယာဉ်များအားယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊
သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှု မရှိစေရေး
အချိန်ထိန်းစနစ်ဖြင့်စစ်ဆေးခြင်း၊ ခရီးသည်တင်ယာဉ်များပေါ်တွင်
ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို
ဆောင်ရွက်လျက်ရှိသော်လည်း ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ်
စာနာငဲ့ညှာခြင်းမရှိဘဲ သက်တမ်းကုန်ဆုံးပြီး အရည်အသွေးလုံးဝမရှိသော
တာယာဘီးများအသုံးပြုခဲ့သည့် မော်တော်ယာဉ်ပိုင်ရှင်/
မော်တော်ယာဉ်လိုင်းနှင့် မိမိယာဉ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ
မိုးသည်းထန်စွာ
ရွာသွန်းနေသည့်ရာသီဥတုအခြေအနေတွင်အရှိန်ပြင်းစွာမောင်းနှင်ခဲ့သူမော်တော်ယာဉ်မောင်းအား
ပညာပေးကာလကုန်ဆုံးခဲ့ပြီးဖြစ်သဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Credit: ygnmdyexpressroad
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 21, 2014
မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း (Photos)
မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂)ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း (Photos)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 21, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment