Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 8, 2014

camera _ Panasonic Lumix GH4 နဲ့ သူ့ရဲ့ ပါရမီဖြည့်ဖက် Metabones Speedbooster


 မကြာသေးမီက DSLR Videography သမိုင်းကို ပြောင်းလဲပေးခဲ့တဲ့ Panasonic Lumix GH4 နဲ့ သူ့ရဲ့ ပါရမီဖြည့်ဖက် Metabones Speedbooster
Gh4 cameraဟာမထွက်ရှိခင်ကတည်း ကျွန်တော်တို့ ရင်သပ်ရှုမော စောင့်မျှော်နေခဲ့ရတဲ့ camera တစ်လုံးပါ။ ဘာကြောင့်လဲဆိုတော့ 4k resolution နဲ့ video ရိုက်နိုင်မဲ့အချက်ကြောင့်ပါပဲ။ တကယ်တမ်းထွက်ရှိလာတဲ့အချိန်မှာလည်း ထင်ထားတာထက်ပိုပြီး ပြည့်စုံနေတာကိုတွေ့ရှိခဲ့ရပါတယ်။ 4k ကို 100 Mb/s နဲ့ 30fps ထိရိုက်ကူးနိုင်သလို 23.976p နဲ့ cinema မှာ သုံးတဲ့ true 24p တွေနဲ့လည်းရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် slow motion အတွက် 1080p ကို 96fps နဲ့လည်းရရိုက်ကူးနိုင်ပါသေးတယ်။ ဒီအချက်တွေဟာ ဒေါ်လာ 1700တန် camera တစ်လုံးမှာရနိုင်တာ တကယ်ပဲအံ့အားသင့်ဖို့ကောင်းပါတယ်။ ဒီလိုပြီးပြည့်စုံနေပေမဲ့ သူ့ရဲ့ပြသနာက စပါပြီ၊ panasonic ကင်မရာဖြစ်နေခြင်းပါ။ ဘာကြောင့်လဲဆိုတော့ Panasonic ဟာ သူ့ camera တွေကို ဘယ်တော့မှ Full frameတို့ Apsc sensor size တို့နဲ့မထုတ်ပါဘူး။ သူ့ရဲ့ ကိုယ်ပိုင်format ဖြစ်တဲ့ Micro Four Third(MFT) size sensor နဲ့ပဲထုတ်ပါတယ်။ GH4 ဟာလည်း MFT ပါ။ MFT sensor size ဟာ crop factor 2× ဖြစ်တဲ့အတွက် full frame နဲ့ Apsc sensor တွေထက် များစွာသေးငယ်နေပါတယ်။ sensor size သေးငယ်တဲ့အတွက် low light မှာ အားနည်းသလို သူနဲ့တွဲဖက်သုံးရမဲ့ MFT lenses တွေကလည်း အင်မတန်မှ ဈေးကြီးလွန်းပါတယ်။ MFT lenses တွေဟာ ဈေးကြီးသလောက် Wide aparture ဖြစ်တဲ့ len တော်တော်ရှားပါးပါတယ်။ ဒါကြောင့် GH4 ကိုဝယ်ဖို့ရာ low light အတွက်စိတ်သောကရောက်စေတာကြောင့် လက်တွန့်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပါရမီဖြည့်ဖက် ကျားကို အတောင်ပံတတ်ပေးလိုက်ပါပြီ၊ Metabones Speedbooster ပါ။ သူကတော့ lens adaptor ပါ။ သူနဲ့တွဲသုံးရင် Nikon F mount lenses တွေအကုန်လုံးကို GH4 နဲ့တွဲသုံးလို့ရပါပြီ။ သူရဲ့ လုပ်ဆောင်နိုင်စွမ်းက nikon lenses တွေကို တွဲသုံးနိုင်ရုံမကပဲ gh4 ရဲ့ crop factor ကို 2× ကနေ 1.53× ထိ လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် aparture ကိုလည်း 1 stop ပိုပြီးကျယ်စေပါတယ်။ ဥပမာ nikon 35mm f1.8 len ကို speed boosterခံပြီး gh4 နဲ့တွဲသုံးရင် 57mm f1.2 ဖြစ်သွားပါတယ်။ ဒါကြောင့် low light အတွက် လုံးဝကိုစိတ်ပူစရာမလိုတော့ပါဘူး။ nikon lenses တွေဟာ အရည်အသွေး မှာလည်း အရမ်းကောင်းပြီး mft lenses တွေလိုဈေးမကြီးပါဘူး၊ wide aparture lenses တွေလည်းအများကြီးရှိပါတယ်။ ဒါကြောင့်မို့ GH4 ကို Metabones Speedbooster နဲ့သာတွဲသုံးမယ်ဆိုရင် နေနဲ့လ ရွှေနဲ့မြပါပဲ ဗျာ။
Khaing Min

No comments:

Post a Comment