Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 7, 2014

ခေါင်းတစ်ချက် ဖီးရုံနဲ့ အရောင်မျိုးစုံထွက်စေမယ့် စက်



အမေရိကန်ပြည်ထောင်စု University of New Mexico မှ အင်ဂျင်နီယာများ ဖန်တီး လိုက်တဲ့ စက် အသစ် တစ်မျိုး ကတော့ ခေါင်းတစ်ချက် ဖီးလိုက်ရုံနဲ့ အရောင် ပြောင်းသွားစေမယ့် ခေါင်းဖီးပဲ ဖြစ်ပါတယ်။

သူ့ကို ဆံပင် မီးပူ (Hair-iron) လို့ခေါ်ပါတယ်။

ယင်းအတွက် မိမိ လိုချင်တဲ့ အရောင်ကို စိတ်ကြိုက်ရွေးချယ်လို့ ရပြီး ခေါင်းအသာအယာ ဖီးရုံနဲ့ အရောင်ထွက်ပါတယ်။

ဆံပင်ဖြောင့်စက်နဲ့ ပုံစံ အားဖြင့် တူညီမှု ရှိပါတယ်။
၅ နှစ်ကြာ ကြိုးစားဖန်တီးခဲ့ခြင်း ဖြစ်ပြီး
ယခုတော့ အောင်မြင် သွားပါပြီ။

ဆံပင် အရောင် အမျိုးမျိုး ရှိတဲ့ လူတိုင်းရဲ့ ဦးခေါင်းမှာ စမ်းသပ်ပြီးသွား ပြီ ဖြစ်ပါတယ်။

သာမန် ဆံပင် ဆိုးဆေးတို့ထက် တောင် ပိုပြီးတော့ အရောင် ကြာရှည်ခံမှု ရှိပါတယ်။

ဒါကြောင့် ဆံပင် ရှည်ထွက်လာမှ အရောင်ဆိုးထားတဲ့ အပိုင်းကို ဖျက်ခြင်းဖြင့် အရောင်ပျောက်စေ နိုင်ပါတယ်။

အခြား နည်းလမ်း အနေနဲ့ ကတော့ အရည်အသွေး ကောင်းတဲ့ ဆံပင် အရောင်ချွတ်ဆေး (polymer coating) တစ်မျိုးကို အသုံးပြုခြင်း ဖြစ်ပါတယ်။

ခေါင်းအသား နဲ့ ဆံပင်အရောင်ဆိုးရည် မတည့်တဲ့သူတွေ၊ လေ၊ရေ အပူအအေး ကြာရှည်ထိတွေ့လို့ မရအောင် ကျန်းမာရေး မကောင်းတဲ့ သူတွေ အတွက် ယင်း Hair-iron က အသုံးပြုလို့ အဆင်ပြေမယ့် အရောင်စိုး စက် ဖြစ်ကြောင်း ဆိုပါတယ်။

Ref: metro
အောင်ခမ်း

No comments:

Post a Comment