Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 5, 2014

သက်ကြီးစုံတွဲ သေသည်အထိ လက်ချင်းကိုင်ထားလျှက်



အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Bakersfield က သက်ကြီးစုံတွဲ တတွဲဟာအိမ်ထောင်
ပြုပြီး ၆၂ နှစ် အကြာ တယောက်လက်ကို တယောက်ကိုင်လျှက် အသက်ဆုံးနေတဲ့ ဖြစ်ရပ်မှန် သတင်းကို
နိုင်ငံတကာမီဒီယာတွေက ဂုဏ်ပြုဖော်ပြနေကြပါတယ်။

Don နဲ့ Maxine Simpson တို့ဟာ ငယ်ရွယ်စဉ်ကတည်းက သေသွားမှပဲ တို့တွေ ခွဲကြတာပေါ့လို့ ကတိပြု ထားကြတာ ပါ တဲ့။ ဒါပေမယ့် ဒီသတင်းပတ်ထဲမှာပဲ သူတို့ ၂ ဦးဟာ အသက်ဆုံးသွားကြစဉ်မှာ တယောက် လက်ကို တယောက်ကိုင်ရင်းနဲ့ သေတာတောင်မခွဲပဲ ချစ်သက်သေထူသွားကြပါတယ်။

မိသားစုဝင်တွေက ဝမ်းနည်းနေကြပေမယ့် သက်ကြီးစုံတွဲရဲ့ တဦးလက်တဦး ကိုင်ထားတာကို ၄ နာရီကြာ ဆက်ထားပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာတရားကို ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီ ချစ်စံပြ သက်ကြီးစုံတွဲရဲ့ မြေးဖြစ်သူ Melissa Sloan ပြောပြတာက Maxine က ကင်ဆာရောဂါနဲ့ ဒီတနှစ်တာကာလ အတွင်း စစ်ခင်း နေခဲ့ရတာဖြစ်ပြီး Don ကလည်း တင်ပါးဆုံရိုးကျိုးထားတာလို့ ဆိုပါတယ်။

အသက်အရွယ်ကြီးရင့်မှု၊ ကျန်းမာရေး အခြေအနေဆိုးဝါးမှုတွေနဲ့ သေလုမျောပါး ဖြစ်နေကြတဲ့ အဘိုးနဲ့ အဘွားကို ကုတင် ကပ်လျှက်စီစဉ်ပေးထားတာဖြစ်ပြီး နောက်ဆုံး အသက်ဝိဉာဏ်ချုပ်ကြချိန်မှာ တဦး လက်ကို တဦးက ကိုင်ထားလျှက် ရှိနေ တာကို အိမ်သားတွေက တွေ့ကြရတာလို့ ဆိုပါတယ်။

ချစ်ခြင်း မေတ္တာတရားနဲ့ သေသည်အထိ လက်ကလေး ကိုင်ကာ အသိအမှတ်ပြုသွားကြတဲ့ ဖြစ်စဉ်ကတော့ အမေရိကန်က သတင်းဌာနတွေသာမက နိုင်ငံတကာကလည်း ဖော်ပြနေကြတာမို့ ဧရာဝတီ ပရိသတ်တွေ လည်း ချစ်ခြင်းမေတ္တာရဲ့အနှစ် သာရကို ဖော်ညွှန်းတဲ့ ဒီဖြစ်စဉ်အပေါ် ဆွေးနွေးနိုင်ကြပါတယ်။

အိမ့်သံစဉ် ~

.ဧရာဝတီ 

No comments:

Post a Comment