Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 5, 2014

လန်ဒန်ကို အလည်ရောက်တဲ့ ဒူဘိုင်း သူဌေး တစ်ဦးရဲ့ ရွှေကား



ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့က ရေနံ သူဌေး တစ်ဦးဟာ လန်ဒန်ကို အလည်သွားတဲ့ အခါ ငွေနဲ့လူသာ ပါလာခြင်း မဟုတ် ပါဘူး။ နွေရာသီ အားလပ်ရက်ကို ကုန်ဆုံး စေဖို့ အတွက် သူ့ရဲ့ စူပါကားနဲ့ ဇိမ်ခံကားများကို တစ်ပါတည်းယူလာခြင်း ဖြစ်ပါတယ်။ Lamborghini, Rolls Royce တို့ ကြားထဲမှာ အထင်းဆုံး လူ အကြည့်များဆုံး စိတ်အဝင်စားဆုံး ဖြစ်သွားတဲ့ ကား ကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ Land Rover ရဲ့ ရွှေရောင် SUV ကား ဖြစ်ပါတ်။

Land Rover ရဲ့ SUV ကားကို ပြန်လည် Tuning လုပ်ထားတဲ့ ကားကို Hamann Mystere လို့ အမည်ရ ပါတယ်။ ဂျာမန် ကုမ္ပဏီ တစ်ခုကနေ Land Rover က ကားမျကို ဝယ်ပြီး စိတ်ကြိုက် ပြင်ဆင်လို့ ရောင်းချခြင်း ဖြစ်ပါတယ်။ သူ့ဟာ အကန့်အသတ်နဲ့ ထုတ်တဲ့ကား ဖြစ်ပြီး သာမန် Land Rover တစ်စီးက ဗြိတိန်ပေါင် ၅ သောင်း တန်ကြေးရှိနေချိန် သူက ဗြိတိန်ပေါင် ၁ သိန်း တန်ကြေး ရှိပါတယ်။ ဒါကို ဒူဘိုင်း သူဌေးက ရွှေရောင် အဆင့်မြင့် သုပ်လိမ်းလိုက်တော့ ဗြိတိန်ပေါင် ၁သိန်းခွဲ တန်ကြေး ရှိတဲ့ ကမ္ဘာ့ ဈေးကြီး ပြိုင်ကား တစ်စီး ဖြစ်သွား ပါတယ်။

လန်ဒန်မြို့ရဲ့ ဟိုတယ် တစ်ခုရဲ့ ခြံဝိုင်းတွင်းမှာ ရပ်ထားပြီး မီဒီယာ သမားများရဲ့ ဓာတ်ပုံရိုက် စရာ ဖြစ်သွား ပါတယ်။ သူ့ရဲ့ ပြိုင်ကားနဲ့ ဈေးကြီးကားများကို http://www.dailymail.co.uk/news/article-2715538/London-tourist-flies-latest-holiday-accessory-Gold-Range-Rover-worth-150-000-666-number-plate.html

 
 ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
www.yoyarlaycom

No comments:

Post a Comment