Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 24, 2014

ပရိသတ် တိုက်တွန်းလို့ မယ်ကမ္ဘာပြိုင်ပွဲဝင်ပြိုင်မယ့် ပက်ထရစ်ရှာ

ပထမဆုံးအကြိမ် ပြုလုပ်မည့် မယ် ကမ္ဘာ မြန်မာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ပရိသတ်များက တိုက်တွန်းသောကြောင့် လျှောက်လွှာတင်ထားကြောင်း မော်ဒယ်ပက်ထရစ်ရှာကပြောသည်။ ‘‘ပြိုင်ပွဲ တစ်ခါမှ မပြိုင်ဖူး ဘူး။ ပရိသတ်တွေက Miss World ကိုပြိုင်ဖို့ အရမ်းလည်း အားပေး နေကြတာနဲ့ ၀င်ပြိုင်ဖို့စိတ်ကူးပြီး လျှောက်လွှာတင်ဖြစ်ခဲ့တာပါ’’ ဟု ပက်ထရစ်ရှာက ပြောသည်။

ပထမဆုံးပြိုင်ပွဲဖြစ်သည့်အ ပြင် ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲ များတွင် အကြီးဆုံးပြိုင်ပွဲတစ်ခုဖြစ်သောကြောင့် ယခုအချိန်ကတည်း က စိတ်လှုပ်ရှားနေကြောင်း ၎င်းကဆိုသည်။

Miss Myanmar World 2014 ပြိုင်ပွဲအတွက် လျှောက် လွှာများကို သြဂုတ် ၁၈ ရက်မှ ၂၂ ရက်အထိ ခေါ်ယူခဲ့ရာ စုစုပေါင်း လျှောက်ထားသူ ၁၃၀ ကျော် ရှိခဲ့ ပြီး နောက်ဆုံး ဆန်ခါတင်ပြိုင်ပွဲ ၀င်အလှမယ် နှစ်ဆယ် ရွေးချယ် မှုကို သြဂုတ် ၂၅ ရက်တွင် ပြု လုပ်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲ လျှောက်လွှာ တင်သွင်းသူများစာရင်းတွင် Miss Universe Myanmar၊ Miss Myanmar International ပြိုင်ပွဲ ၀င်ခဲ့သော အလှမယ်များ လာ ရောက်လျှောက်ထားသည်ကို တွေ့ရသည်။

Miss World Myanmar 2014 ပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရွေး ချယ်ခံရသည့် အလှမယ်သည် ဒီ ဇင်ဘာတွင် ဗြိတိန်နိုင်ငံ၌ ပြုလုပ် မည့် ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

7day daily

No comments:

Post a Comment