Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 8, 2014

ဘင်္ဂါလီချင်း အခင်းဖြစ်ပွားမှု ရဲတပ်ဖွဲ့ သွားရောက်ဖြေရှင်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်

စစ်တွေမြို့ ဒါးပိုင်ဒုက္ခ သည်စခန်းတွင် ဘင်္ဂါလီအချင်း ချင်းကြိုးတုပ်ရိုက်နှက်သည့် အမှုကို သွားရောက်ဖြေရှင်းသည့် ရဲ တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီများရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး သေနတ်ပစ်ဖောက်၍ လူစုခွဲရာ ဘင်္ဂါလီတစ်ဦး သေဆုံးသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
သြဂုတ် ၆ ရက် ညက ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ဒါးပိုင်ဒုက္ခသည် စခန်းရှိ ဘင်္ဂါလီ နှစ်ဦးကို အခြားဘင်္ဂါလီ အချို့က သူခိုးဟု စွပ်စွဲကာ ကြိုးတုပ်ရိုက်နှက်သော အမှုကို သွားရောက်စစ်ဆေးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘အရိုက်ခံရတဲ့သူတွေရဲ့ မိ သားစုက လာတိုင်လို့ ရဲတပ်ဖွဲ့ဝင် တွေ သွားရှင်းပေးတာမှာ ဘင်္ဂါလီ ၇၀ လောက်ဝိုင်းပြီး လေးခွတွေ၊ ခဲတွေနဲ့ပစ်တာ။ ကျွန်တော်တို့ မနည်းပြန်ထွက်ခဲ့ရတယ်။ ခြောက်လှန့် သတိပေးခဲ့ပေမယ့် မရတော့လို့ လူစုခွဲပြီးထွက်ခဲ့တာ။ ဥပဒေအတိုင်း လုပ်ခဲ့တာပါ’’ဟု အဆိုပါရုန်းရင်းဆန်ခတ်ဖြစ်စဉ် တွင် ပါဝင်ခဲ့သည့် လုံခြုံရေးရဲ အရာရှိတစ်ဦးက ပြောသည်။
ည ၇ နာရီခန့်က စတင်ဖြစ် ပွားပြီး ၁၁ နာရီခန့်တွင် လူစုခွဲနိုင်ခဲ့ ကာ အဓိကရုဏ်းဖြစ်ရန် အဓိက ဦးဆောင်ခဲ့သူ နှစ်ဦးကို စစ် တွေမြို့မရဲစခန်းတွင် ဖမ်းဆီး ထားပြီး ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးဖြစ်အောင် ဖန်တီးမှု ပုဒ်မ ၁၄၁ အပါအ၀င် ပုဒ်မ ငါးခု ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
‘‘ကြိုးတုပ်အရိုက်ခံရတဲ့သူ တွေကို ဆွဲထုတ်ကာကွယ်နိုင်ခဲ့ တယ်။ ဘင်္ဂါလီ နှစ်ယောက်ကို တော့ ဖမ်းထားတယ်။ လုံခြုံရေး ရဲနှစ်ယောက်လေးခွမှန်ပြီး ဆေး ရုံမှာ ပြခဲ့ရတယ်’’ဟု ပြည်နယ် အဆင့် ရဲအရာရှိ တစ်ဦးက ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဂျွန်ကယ်ရီမလာမီ တစ်ရက် အလိုတွင် ဘင်္ဂါလီစခန်းသို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်လာရောက် အင်အားသုံးသောကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိကာ ၁၅ ဦး အဖမ်းခံခဲ့ရကြောင်း Burmese Rohingya Organ-ization UK (BROUK) ဆိုသော အဖွဲ့က သြဂုတ် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။
7daydaily

No comments:

Post a Comment