Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 2, 2014

တရုတ်ပြည် ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ အမျိုးသမီး ချိုင်းမွေး အလှဓာတ်ပုံ ပြိုင်ပွဲ





ယခု ရက်ပိုင်း အတွင်း တရုတ်ပြည်ရဲ့ Weibo ဆိုရှယ်မီဒီယာ ၀ဘ်ဆိုဒ်မှာ ပြိုင်ပွဲ တစ်ခု ခေတ်စား နေပါတယ်။ ယင်းကတော့ အမျိုးသမီး ချိုင်းမွေးအလှ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ (Weibo ဆိုတာ တရုတ်ပြည်မှာ လူသုံး အများဆုံး Social Network တစ်ခု ဖြစ်ပြီး တရုတ် Twitter လို့ ကမ္ဘာက ခေါ်ကြတဲ့ ဆိုဒ် ဖြစ်ပါတယ်။)
ပြိုင်ပွဲကို Weibo က Page တစ်ခုမှ စတင်ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးမှ အမျိုးသမီး ငယ်လေးများက ၎င်းတို့ ဓာတ်ပုံတွေကို ပို့ပေးကြပါတယ်။ မြင်နေကျ Selfie ပုံတွေလို မဟုတ်ပဲ ချိုင်းမွေးကို အဓိကထား အသားပေး ရိုက်ကူး ထားတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ အမျိုးသမီးပေါင်း ထောင်ကျော် ပါဝင်ပြီး အလှဆုံး ၁၀ ဦးကိုတောင် ရွေးသွားပြီး ပုံတင်မယ်လို့ ဆိုပါတယ်။ ဆုကြေးငွေတော့ မပေးအပ် ပါဘူး။ ယခုလို ပြိုင်ပွဲ လုပ်တဲ့ ရည်ရွယ်ချက်က မိန်းကလေး တို့ရဲ့ သဘာဝ အလှကို ချစ်မြတ်နိုးပြီး လက်ခံလာတတ်စေဖို့ ဖြစ်ကြောင်း ဆိုပါတယ်။
သဘာဝ အတိုင်း ရှိနေတဲ့ အမွေးအမျှင်များကို အလှအပ တစ်ခု အနေနဲ့ မြင်တတ် စေရန် ရည်ရွယ်ချက်နဲ့ ယင်း Campaign ကို စတင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment