Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

ပုဒ်မ-၁၇(၁)ဖြင့် အရေးယူခံရသူများကို ပြန်ထုတ်မပေးနိုင်ပါက ကိုယ်တိုင် အချုပ်ထဲဝင်နေမည်ဟု ဦးအောင်မင်း ကတိပြု


ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်သောကြောင့် ပုဒ်မ-၁၇(၁) ဖြင့် အရေးယူခံ ရပါက တာဝန်ယူ ဖြေရှင်းပေး သွားမည် ဖြစ်ပြီး လွှတ်မပေးပါက ကိုယ်တိုင် အချုပ်ထဲ ၀င်နေ မည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကတိပြု ပြောကြား လိုက်သည်။ ယမန်နေ့က မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီများအား ငြိမ်းချမ်းရေး ဖြစ်စဉ် ရှင်းပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။ ဒီက ငြိမ်းချမ်းရေး ကိစ္စတွေ ဆောင်ရွက်တဲ့ နေရာမှာ တစ်ဖွဲ့ နဲ့တစ်ဖွဲ့ တွေ့ကြတဲ့အခါ ကျွန်တော်တို့ကို ပြောပါ။ အကယ်၍ အကြောင်းကြောင်းကြောင့် မပြောဖြစ်လို့ ပုဒ်မ- ၁၇(၁) နဲ့ အရေးယူခံရရင် ကျွန်တော်ကိုယ်တိုင် အချုပ်ထဲ လာနေပါ့မယ်လို့ ကတိပေးပါတယ် ဟု ဦးအောင်မင်းက ပြောသည်။

ယခင်က ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် တွေ့ဆုံ ဆွေးနွေးလိုသည့် အဖွဲ့အစည်းများနှင့် ပုဂ်္ဂိုလ်များအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့၏ ခွင့်ပြုချက် ပါရှိရန် လိုအပ်ပြီး ထိုသို့ခွင့်ပြုချက် မပါရှိပါက အရေးယူ ဆောင်ရွက် နိုင်ကြောင်း သိရ သည်။ အဆိုပါ ပုဒ်မ-၁၇ (၁)သည် ဥပဒေ သဘောမျိုး ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ အမိန့် ညွှန်ကြားချက် ပုံစံသာ ဖြစ်သည့် အပြင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (၁၂၂) ချက်တွင်ပါ ၀င်ပြီးဖြစ်သည့်အတွက် အပစ်ရပ် လက်မှတ် ထိုးပြီးပါက ပျက်ပြယ်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဲဒီပုဒ်မနဲ့ ပတ်သက်ပြီး ဒါကြီးက မရှိသင့်တော့ဘူး။ ဒါကြီးက နှစ်ပေါင်း (၁၀၀) ကျော်ပြီ ဆိုပြီး လွှတ်တော်ကနေ ပယ်ဖျက်ဖို့ အဆိုတင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ် ဟု အမျိုးသား ဒီမိုကရေစီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) သည် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ပြီး ယခင် စစ်အစိုးရ လက်ထက်က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအား အဆိုပါ ဥပဒေပုဒ်မဖြင့် အရေးယူ ဆောင်ရွက်မှုများ ရှိခဲ့သည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မတရား အသင်းအဖြစ် ကြေညာထားမှု ကိုလည်း ရုပ်သိမ်းပေးခြင်း မရှိသေးသည့်အတွက် ရုပ်သိမ်းပေးရန် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ တာဝန်ရှိ သူများက အဆိုပါ ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြသည်။

messenger

No comments:

Post a Comment