ကျွန်တော်တို့ တစ်ခေတ်လုံးအတွက် အားလုံးကို မြောက်များစွာ ပေးခဲ့သူပါ။
သူ့ဂုဏ်ကို ကျွန်တော် ချီးကျူးရန် မ၀ံ့ပါ။ တစ်ခေတ်လုံးမှာ တစ်ယောက်တည်း
ပေါ်ခဲ့တဲ့သူပါ၊ ဝေးသွားတဲ့အခါသီချင်းကို (၉)တန်းကျောင်းသားဘ၀မှာ ရေးပြီး
ခဲ့တာဆိုတော့ Genius ဖြစ်ပြီပေါ့။
နောက်ပြီးတော့ ထူးအိမ်သင်ဟာ ခေတ်ကတောင်းဆိုလို့ ပေါ်လာတဲ့ အဆိုတော်
တစ်ယောက်ပါ၊ ခေတ်ပြိုင်တွေကို ကိုယ်စားပြုနိုင်သူ ဖြစ်ကြောင်း အလွယ်တကူ
တွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့ တစ်ခေတ်လုံးက ယောက်ျားလေးတွေ အားလုံးဟာအမေ့ရဲ့
ဒုက္ခအိုးတွေပဲ မဟုတ်လား၊ ပြီးတော့လည်း ဘာကြောင့်လဲမသိတဲ့ ဂျပ်ဆင်ထိပ်က
လရိပ်ပြာကို တမ်းတသူတွေချည်းပဲမဟုတ်လား
အဲဒီလို ပြောစရာတွေ အများကြီးနဲ့ ထူးအိမ်သင်ပါ၊ ပြီးတော့ အငြင်းလည်းသန်တဲ့
ထူးအိမ်သင်ပါ၊ အမြဲတမ်း ဒီလို မဟုတ်ဘူးထင်တယ်ဗျနဲ့ စကားကို စတတ်သူပါ။
ပြီးတော့ အနုပညာသက်သက်ပဲ ဖန်တီးသွားပြီး ငွေကြေးနဲ့ အနုပညာကိုမဆက်စပ်
သူပါ၊ ကျွန်တော်ကတော့ သူ့သီချင်းတွေနဲ့ ကြီးပြင်းခဲ့သူပါ၊ကိုယ့်ရေ
ရတဲ့သူဟာ ထူးအိမ်သင်ပါ၊
မသေဆုံးခင်တုန်းကသူနဲ့ ခင်မင်ပေမယ့် အလုပ်များများ မလုပ်ဖူးသူပါ၊
သေဆုံးသွားတော့ မနက်နာရေးမှာ ဝေဖို့ လက်ကမ်းစာရွက်လေး ညတွင်းချင်း
လုပ်ရပါတယ်၊ နှင်းဆီလှိုင်း Unplugged အခွေအတွက် ဒီဇိုင်းလုပ်ရတော့ကျွန်တေ
အခုမြင်တွေ့ရတဲ့ကိုငှက်ရဲ
အဲဒီ Sketch လေးတွေက သူ့အုတ်ဂူမှာကပ်မယ့် ကြေးပြားဒီဇိုင်းလည်း ဖြစ်သွားပါတယ်။
အဲဒီ ဝေးသွားတဲ့အခါ Note ကိုလည်း အုတ်ဂူမှာ ထိုးဖို့ သူကိုယ်တိုင်မှာခဲ့တာ ဖြစ်ပြီး
Note ကိုလည်း “မှားထိုးရင် အရှက်ကွဲပါဦးမယ်ကွာ ငါ တစ်ခါတည်းရေးပေးခဲ့ပါမယ်”
ဆိုပြီးသူကိုယ်တိုင် ရေးပေးခဲ့တာပါ။
သူ့သမီးလေးကို ပိုက်ထားတဲ့ ဓာတ်ပုံက ဟန်သစ်မဂ္ဂဇင်းအတွက် မျက်နှာဖုံးလုပ်ပေးရ
တုန်းကကျန်ခဲ့တဲ့ပုံတွေပါ
ထင်လို့ ကျွန်တော် သိမ်းထားခဲ့ပါတယ်၊ အဲဒီပုံကသူ့ရဲ့သေဆုံးပြီး
Ablumအတွက် Wallsheet ဖြစ်သွားပါတယ်၊ အဲဒီပုံက ဓာတ်ပုံ ဘယ်သူရိုက်မှန်းမသိပါ။
အခုထိလည်း ဘယ်သူမှန်းမသိပါ။
အဲဒီ The Last Album အတွက် Cover ဒီဇိုင်းများကို ကျွန်တော် လုပ်ပေးပါတယ်။
နောက် အဲဒီ Album ထဲက အလင်းဆိုင်ရဲ့သီချင်းကို သီဆိုသူ ကိုထူးအိမ်သင်၊
ရေးသားသူ ကိုအယ်လ်ဖြူတို့ရဲ့ဂုဏ်ကျေး
နီးစပ်အောင် ချဉ်းကပ်ပြီး ရိုက်ကူးပေးခဲ့ပါတယ်။
ကျွန်တော် ကိုငှက်ကို ပထမနှစ်ကျောင်းသားဘ၀စတင်ဖု
အခုနေ ပြန်ကြည့်တော့ ကိုငှက်က ပေးခဲ့တာများပါတယ်။
ကျွန်တော်တို့ တစ်ခေတ်လုံးကို သူအများကြီးပေးခဲ့တာပါ။
ထူးအိမ်သင်ဆိုတာ မပေါ်ခင်တုန်းက ကျွန်တော်တို့ နားထောင်ခဲ့ရတဲ့ သီချင်းတွေက
A, Gbm, Bm, D, E ပတ်လည် Chord ဖွဲ့စည်းပုံတွေနဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
ထူးအိမ်သင်ဆိုတာ ပေါ်လာတော့ ဆန်းသွားပါပြီ။
အဲဒီ Bm ကိုပဲ ဂစ်တာကြိုးကို လက်သန်းလေး တစ်ချောင်းပိုထောက်လိုက်တယ်
Bm7 ဆိုတာ ဖြစ်သွားတယ်။
ဘယ်လိုအသံမျိုးလဲဆိုတော့ ”နေရောင်တစ်ချို့က အခန်းထဲဝယ်“ဆိုတဲ့အသံပါပဲ၊ အဲဒီလက်သန်းလေးထောက်ဖို့ကို
အဲဒီ လက်သန်းလေးကို စပြီး ထောက်လိုက်သူက ဟောဒီ ထူးအိမ်သင်ပါ။
အဲဒီ ထူးအိမ်သင်ကပဲ ကျွန်တော်တို့ အားလုံး စီးဆင်းခဲ့ကြပါတယ်။
အဲဒါ ခေတ်က တောင်းဆိုလို့ ပေါ်လာတဲ့ ကျွန်တော်တို့ တစ်ခေတ်လုံးအတွက် တစ်ယောက်တည်းသော အနုပညာရှင်ပါ၊ ပါရမီရှင်ကြီး ထူးအိမ်သင်ပါ။
မှော်ဆရာကြီး ထူးအိမ်သင်ပါ၊
မြင်းလှည်း မောင်းမယ်ဆိုပြီး မြင်းလှည်းဝယ်ဖို့ အမေစုပေးလိုက်တဲ့ ပိုက်ဆံကို
ရန်ကုန်ဆင်းပြီး သီချင်းစီးရီးသွင်း ပစ်လိုက်တဲ့ ကျွန်တော်တို့အားလုံးရဲ့ ထူးအိမ်သင်ပါ။
အဲဒီ ကိုထူးအိမ်သင်အတွက် ချီးကျူးရန် မ၀ံ့ပါ။ ဆုတောင်းပေးရန် မ၀ံ့ပါ။
ဒီလို(၁၀)နှစ်ပြည့်တဲ့ သြဂုတ်လမှာ အမှန်တကယ် လွမ်းဆွတ် တသလျက်သာ….။
( ဒီဇိုင်း မျိုးဆွေသန်း )
No comments:
Post a Comment