ကျန်းမာရေးဝန်ကြီးဌာနက ရွှေစံအိမ် အမှတ်တံဆိပ် ရှူးရှဲလက်ဖက်နဲ့ YIMAO –Food
အမှတ်တံဆိပ် ဖလိတ်ပ်ပြား စတဲ့ အစားအသောက် နှစ်မျိုးကို
စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဈေးကွက်တွေ မှာ ရောင်းချနေတဲ့ အစားအသောက်တွေ ကို ဈေးတွေ၊ ကျောင်းမုန်
့ဈေးတန်းတွေက ၀ယ်ယူစစ်ဆေးရာမှ အထက်ပါ အမှတ်တံဆိပ်တွေ နဲ့ ပြုလုပ်ထားတဲ့
အစားအသောက် နှစ်မျိုးမှာ ဆိုးဆေးတွေပါဝင်ကြောင်း တွေ့ရှိရလို့
စားသုံးရန်မသင့်ကြောင်း ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာလို့ ဆိုပါတယ်။
အစားအသောက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတွေဟာ အစားအသောက်တွေမှာ သုံးစွဲရန်
ခွင့်မပြုတဲ့ ဓာတုဆိုးဆေးတွေကို လုံးဝအအသုံးမပြုဖို့နဲ့ မလိုက်နာပါက
အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲအရေးယူသွားမယ်လို့
ကြေညာချက်မှာ သတိပေးထားပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/62144
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment