ဝမ်းချုပ်ခြင်းကို လူတိုင်းခံစားဖူးကြပါတယ်။ ဝမ်းချုပ်ရတာဟာ ဝမ်းဗိုက်ထဲမှာရှိတဲ့ အူသိမ်တွေရဲ့ လှုပ်ရှားမှုနည်းပြီး အူလမ်းကြောင်းတစ်လျှောက်လည်း အစာတွေဖြတ်သန်းမှု နှေးလာလို့ပါ။ အစာမာ မာတွေစားလို့ဖြစ်စေ ခန္ဓာကိုယ်ထဲမှာအစာမကြေလို့ဖြစ်စေ ဝမ်းချုပ်တတ်ကြပါတယ်။ ဝမ်းချုပ်တာကို တအားခံစားရတဲ့အခါ မျက်ရည်ကျလောက်ရတဲ့အထိ ဖြစ်နိုင်ပြီးတအားဆိုးရွားတဲ့ ဝမ်းချုပ်မှုတွေကနေ လိပ်ခေါင်းရောဂါအထိ ဖြစ်လာနိုင်ပါတယ်။
မကြာခဏဝမ်းချုပ်နေရပြီဆိုရင် မိမိကိုယ်ကို သတိထားရပါတော့မယ်။ ဆေးဝါးဆိုတာ သောက်တိုင်း ကောင်းမွန်တာမဟုတ်လို့ ဝမ်းချုပ်တတ်သူတွေအနေနဲ့ ဆေးကိုမှီဝဲတာထက် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုပြီးစားပေးရပါမယ်။ အမျှင်ဓာတ်တွေက အူတွေရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ဒါကြောင့်ဝမ်းချုပ်တတ်သူတွေအတွက် စားရလွယ်တဲ့ဈေးကွက် ထဲမှာ အလွယ်တကူရနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားတတ်ဖို့ ဖော်ပြ လိုက်ပါတယ်။
၁။ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများ
ဘယ်ရီသီး၊ မက်မန်းသီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ ဂွေးသီး၊ သင်္ဘောသီးစတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ အမျှင်ဓာတ်ဟာ အခြားအသီးတွေမှာထက် ပိုပါဝင်ပါတယ်။ ဒီအသီးတွေကို ဒီတိုင်းဒါမှမ ဟုတ် ဖျော်ရည်လုပ်သောက်ရင် အမျှင်ဓာတ်တွေရရှိပြီး ဝမ်းချုပ်တာကိုသက်သာပါလိမ့်မယ်။
၂။ ဟင်းသီးဟင်းရွက်များ
အသားငါးတွေမှာ အမျှင်ဓာတ်မပါပါဘူး။ အသားငါးတွေစားတာထက် ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ အစိမ်းရင့်ရောင် အနီရောင် အဝါရောင်ပါတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။
ဥပမာ-ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ဟင်းနုနယ်။
၃။ ပဲအမျိုးမျိုး
ပဲအမျိုးမျိုးမှာ ဟင်းသီးဟင်းရွက်ထက် အမျှင်ဓာတ်နှစ်ဆပါဝင်တာကြောင့် ပဲမှန်သမျှ အကုန်စားသင့်ပါ တယ်။ ပဲထောပတ်၊ ပဲနီလေး၊ ဘိုကိတ်ပဲ စတာတွေမှာ အမျှင်ဓာတ်လုံလောက်စွာ ပါဝင်ပါတယ်။
၎။ အစေ့အဆန်များ
ဗန်ဒါစေ့၊ နေကြာစေ့၊ မြေပဲစတာတွေစားပေးရင်လည်း အမျှင်ဓာတ်တွေရရှိပါတယ်။ ဒါကြောင့် အစေ့ အဆန်တွေစားဖို့လည်း မမေ့သင့်ပါဘူး။
၅။ ကောက်နှံများ
ကောက်နှံမှာ အမျှင်ဓာတ်များစွာပါဝင်လို့ ကောက်နှံတစ်ခုလုံးပါဝင်တဲ့ အစားအစာကို မနက်တိုင်းစား သင့်ပါတယ်။ အထက်ပါ အစားအစာတွေ ပုံမှန်စားသောက်ပေးရင် ဝမ်းချုပ်ခြင်းကို ပူစရာမလိုတော့ပါ ဘူး။ ဝမ်းချုပ်ခြင်းမဖြစ်စေဖို့အတွက် ရေများများသောက်ဖို့လည်း လိုပါတယ်။ ရေသောက်နည်းတာက လည်း ဝမ်းချုပ်စေတဲ့အချက်ထဲမှာ ပါဝင်ပါတယ်။ ရေကိုတစ်နေ့ ရေသန့်ဘူးနှစ်ဘူးမှ သုံးဘူးအထိ သောက်သင့်ပါတယ်။ နောက်ပြီး ဝမ်းသွားချင်တဲ့အခါလည်း အောင့်မထားပါနဲ့။ မြန်မြန်ကိစ္စရှင်းလိုက် တာက အကောင်းဆုံးပါပဲ။ ဝမ်းချုပ်မှုအတွက် ဆေးဝါးမှီဝဲတာထက် အထက်ပါအစားအစာတွေကို ပုံမှန်လေးပဲစားရင်တောင် ဝမ်းချုပ်မှုကိုသက်သာစေပြီး နောက်ပိုင်းဝမ်းမချုပ်နိုင်တော့ပါ။
ကြေးမုံသတင်းစာ
World_Myanmar
No comments:
Post a Comment