Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 7, 2014

ခရစ်စမတ်ကျွန်းက သန်းရာချီရှိတဲ့ ဂဏန်းနီများ



Christmas ကျွန်းဆိုတာ ကတော့ အိန္ဒိယ သမုဒ္ဒရာ အတွင်းမှာ ရှိတဲ့ သြစတေးလျ ပိုင် ကျွန်းငယ်လေး တစ်ကျွန်း ဖြစ်ပါတယ်။ လူဦးရေအားဖြင့် ၂၀၀၀ ကျော်သာ ရှိပေမယ့် သန်းရာချီပြီး ရှိနေတာ ကတော့ ခရစမတ်ကျွန်း ဂဏန်းနီများ ဖြစ်ပါတယ်။

သူတို့ကို အခြားမှာ တွေ့ခဲ့ပြီး ခရစ်စမတ်ကျွန်းမှာသာ တွေ့လို့ ခရစ်စမတ်ကျွန်း ဂဏန်းနီလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အရွယ်အစား အားဖြင့် ၄လက်ခွဲ လောက်အထိ ကြီးပါတယ်။ အကောင်ရေအားဖြင့် သန်း ၁၂၀ ကျော်ရှိတယ်လို့ အချို့က ဆိုထား ပေမယ့် လေ့လာသူ အဖွဲ့အစည်းအများစု ကတော့ အကောင်ရေ သန်း ၂၀ကျော် ရှိတယ်လို့သာ အတည်ပြုထား ပေး ပါတယ်။ နှစ်စဉ် ဆောင်းရာသီ ဝင်ခါနီးဆိုရင် ပင်လယ်ထဲ အစုလိုက် သွားပြီး မိတ်ဖွဲ့ကြခြင်း ဖြစ်ပါတယ်။ ယင်း ဂဏန်းများဟာ လူသား များကို အန္တရယ် မပြုသလို လူသားများကလည်း ဂဏန်းနီများကို အန္တရယ်မပြုပါဘူး။ ထူးခြားချက် အနေနဲ့ ဂဏန်းများဟာ သူတို့အတွက် ဖန်တီးပေးတဲ့ လမ်းများကို သိရှိ နားလည်ခြင်း ဖြစ်ပါတယ်။ လူသွားလမ်းနဲ့ ကားလမ်းတို့မှာ ဖြတ်ကူးတဲ့ အခါ အက်ဆီးဒန့် မဖြစ်နိုင်အောင် ဂုံးကျော် တံတားသေးလေးများ၊ လမ်းဘေးမှာ ဆိုရင်လည်း အကာအရံများ ထားထား ပေးပြီး ယင်းဘောင် အတွင်းကနေပဲ သွားကြ ပါတယ်။

စတုရန်းမိုင် ၅၂ မိုင် ကျယ်ဝန်းတဲ့ ယင်းကျွန်းပေါ်မှာ ဂဏန်းနီ များနဲ့ လူ ၂၀၀၀ ကျော်တို့ ဘေးမသီ ရန်မခ နေထိုင်နေကြခြင်း ဖြစ်ပါတယ်။ ဂဏန်း များဟာ များသောအားဖြင့် ကမ်းခြေ ဒေသတို့မှာ နေထိုင်ပြီး တစ်ဖက်ကမ်းကနေ အခြား တစ်ဖက်ကမ်းကို သွားဖို့ အတွက် ကျွန်းကုန်းမြေကို ဖြတ်သန်းကြခြင်း ဖြစ်ပါတယ်။ ခရစ်မစတ်ကျွန်း ဂဏန်းနီ အကြောင်းကို http://en.wikipedia.org/wiki/Christmas_Island_red_crab

 
 ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

Ref : wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment