Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 7, 2014

ရုပ်ရှင်ရိုက်ရန် လိုချင်သည့်ဇာတ်လမ်း ရှာမတွေ့သေးဟု မိုးစက်ဝိုင် ဆို


မိုးစက်ဝိုင်သည် ၎င်း၏ပရိသတ်များအတွက် အမှတ်တရတစ်ခုကျန်ရစ်စေမည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရန် ဇာတ်လမ်းတစ်ပုဒ်ရှာနေသော်လည်း ယင်းဇာတ်လမ်းကို မတွေ့သေးဟု ပြောသည်။

“ဒီလောကထဲမှာ မလုပ်တော့တဲ့အခါ ပဲဖြစ်ဖြစ် မိုးစက်ကို အားပေးတဲ့ပရိသတ်ကြီးကို အမှတ်တရ ကျန် ရစ်အောင် ရုပ်ရှင်တစ်ကားရိုက်ကူးဖို့ နဂိုကတည်းက ဆုံးဖြတ်ထားပါတယ်။ အခုထိတော့ အကောင် အထည်မဖော်ရသေးဘူး။ ပီးမတ်မင်းသမီးနဲ့ကားကို မိုးစက် လက်ခံတယ်ဆိုတာက နှစ်နိုင်ငံချစ်ကြည်ရေး လည်းပါတဲ့အတွက်ပြီးတော့ အင်တာနေရှင်နယ်သွားမှာလည်း ဖြစ်တဲ့အတွက် လက်ခံတာပါ။ ပရိသတ် တွေကို ပြန်ပြီးတုံ့ပြန်တဲ့ အမှတ်တရလေးထားခဲ့ချင်တာပါ။ မိုးစက်ပြည်သူတွေကို အကျိုးပြုတဲ့ဇာတ်လမ်း လေးပဲ ရိုက်ချင်တာပါ။ သူတို့လည်း သဘောကျရမယ်။ ကိုယ်လုပ်တဲ့အလုပ်တစ်ခုက အကျိုးရှိဖို့လိုတယ်လို့ ထင်ပါတယ်”ဟု ၎င်းကပြောသည်။

မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အနုပညာ အလုပ်များ လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ပိုမိုများပြားလာသော်လည်း ၎င်းက ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးမှုများ လက်ခံမည်မဟုတ်ဟု ပရိသတ်များကို ပြောကြားသည်။

၎င်းသည် အနုပညာလုပ်ငန်းများကို တစ်နှစ်ကျော်လုပ်ကိုင်လျက်ရှိပြီး လက်ရှိ၌ ကြော်ငြာများနှင့် ပရဟိတ အလုပ်များကို လုပ်ကိုင်လျက်ရှိသည်။

မိုးစက်ဝိုင်သည် Miss Universe Inter-national 2013 ပြိုင်ပွဲကို ရုရှနိုင်ငံ၊ မော်စကိုမြို့၌ သွားရောက်ယှဉ် ပြိုင်ခဲ့သူဖြစ်သည်။

Mizzima

No comments:

Post a Comment