Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 5, 2014

စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်၏ ရောဂါမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ငြင်းဆို


စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီးတွင် ကုသမှုခံယူနေသော ကလေးတစ်ဦးတွင် အီဘိုလာရော ဂါဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ငြင်းဆိုခဲ့ကြောင်း သြဂုတ် ၅ ရက် မြန်မာ့အ သံနှင့်ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အား ကိုးကား သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး မြန် မာနိုင်ငံတွင် ယနေ့အထိ အီဘိုလာရောဂါဖြစ်ပွားသူမရှိကြောင်း၊ အင်တာနက်သတင်းတွင် ဖော်ပြထားသည့် အဆိုပါသတင်းမှာ မှားယွင်းဖော်ပြချက်သာဖြစ်သည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရကြောင်း မြန်မာမာ့ ရုပ်မြင်သံကြားသတင်းမှ ဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကလေးငယ်တစ်ဦး Ebola Virus ရောဂါဖြင့် ဆေးကုသမှုခံယူနေကြောင်း အင်တာနက်သတင်းများတွင် သြဂုတ် ၄ ရက်မှစတင် ၍ ဖော်ပြလျက်ရှိပြီး လူနာမှာ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ အသက်ခြောက်နှစ်အရွယ်ရှိ မောင်မျိုး လင်းနိုင်ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီမှစတင်၍ ဆာလ်ဖာဆေး မတည့်ခြင်းကြောင့်ဖြစ်ပေါ်လာသော Stevens–Johnson Syndrome ရောဂါဖြင့် စစ်တွေမြို့ ပြည်နယ် အထွေထွေဆေးရုံကြီး ကလေးကုသဆောင်၌ တက်ရောက်ကုသနေသူဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။

ဆက်လက်ပြီး လူနာသည် အဖျားရောဂါဖြင့် ၎င်း၏ရွာတွင် ဇူလိုင် ၂၁ ရက်မှစ၍ ဆေးသောက်ခဲ့ပြီး နှစ်ရက် အကြာ ဇူလိုင် ၂၃ ရက်တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် စစ်တွေမြို့ပြည်နယ်အထွေထွေရော ဂါကုဆေးရုံကြီးသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ မောင်မျိုးလင်းနိုင်၏ အခြေအနေမှာ သက်သာကောင်းမွန်လာပြီဖြစ်ပြီး အဆိုပါ Stevens–Johnson Syndrome ရောဂါသည် မွေးရာပါခုခံအားစနစ် ချို့ယွင်းနေသူများတွင် ဆေးဝါးဓာတ်မတည့်ခြင်း၊ အထူး သဖြင့် ဆာလ်ဖာဓာတ်ပါဝင်သော ဆေးဝါးများကြောင့် ဖြစ်ပွားပြီး Human Immuno Deficiency Virus, Coxsackievirus အသည်းရောင်ရောဂါပိုး၊ တုပ်ကွေးရောဂါပိုးတို့ ၀င်ရောက်ခြင်း၊ ကင်ဆာရောဂါဖြစ်ခြင်း တို့ကြောင့် ဖြစ်ပွားလေ့ရှိကြောင်း၊ ဆေးဝါးဓာတ်မတည့်မှုကြောင့် အများဆုံးဖြစ်ပွားလေ့ရှိကြောင်း တစ်ဆက် တည်း သိရသည်။

အဆိုပါရောဂါဖြစ်ပွားပါက ပထမဦးစွာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ် ကာ နောက်ပိုင်းတွင် ပါးစပ်၊ နှုတ်ခမ်း၊ လိင်အင်္ဂါနှင့် စအိုပတ်ဝန်းကျင်တို့တွင် အနာများဖြစ်ပေါ်ခြင်း၊ ပါးစပ်ထဲတွင် အနာများဖြစ်ပွားပါက လူနာသည် အလွန်အမင်းနာကျင်ပြီး အစာမစားနိုင်ခြင်း၊ ကလေး ငယ်များတွင် ယင်းရောဂါဖြစ်ပွားပါက လူနာရာခိုင်နှုန်း ၃၀ ၌ မျက်စိနာခြင်းဖြစ်ပွားနိုင်ကြောင်း၊ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေလက်၊ ခြေဖ၀ါးများတွင် တစ်လက်မပတ်လည်ခန့် အနီပြင်များထွက်ခြင်း၊ မျက်ကြည်လွှာ ပျက်စီးခြင်း၊ မျက်စိကန်းခြင်း၊ ကိုယ်တွင်းကလီစာများ ပျက်စီးခြင်းတို့ဖြစ်နိုင်ကြောင်း သိရသည်။

“အဲဒီ့သတင်းက ဖေ့စ်ဘွတ်မှာပြန့်နေတာကို ကျွန်တော်တို့ကြားပါတယ်။ ဒါက တကယ်မဟုတ်ပါဘူး။ တကယ်သာ ပြည်တွင်းမှာကူးစက်မှုရှိနေရင် ကျွန်တော်တို့ဘက်က ထုတ်ပြန်ချက်တွေကို အချိန်မီ လုပ်ဆောင်သွားမှာဖြစ်ပြီး ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို အများသိအောင် ဆောင်ရွက် သွားမှာပါ”ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သြ ဂုတ် ၅ ရက် မွန်းလွဲပိုင်းက The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

ယခုကဲ့သို့ အင်တာနက်စာမျက်နှာများပေါ်တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကလေးငယ် စစ်တွေဆေးရုံတွင် ကုသခံနေရသည်ဆိုသော သတင်းများပျံ့နှံ့နေခြင်းနှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့် သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇ်ာတို့၏ ဖေ့ဘွတ်စာမျက်နှာများတွင် ညနေပိုင်းကတည်းက ကျန်းမာရေးဝန်ကြီးဌာန၏ ငြင်းဆိုမှုကို ဖော်ပြထားပြီး ဆက်လက်မဖြန့်ဝေကြရန် တိုက်တွန်းထားသည်။
Eleven Media Group

ဆက်စပ်သတင်းလင့်



စစ်တွေမြို့ ပြည်နယ်အထွေထွေဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံယူနေသော ကလေးငယ်မှာ ဆာလဖာ ဆေး မတည့်ခြင်းကြောင့်
ဖြစ်ပွားသော ရောဂါ ခံစားနေရသူသာ ဖြစ်ပြီး အီဘိုလာရောဂါဖြစ်ပွားနေခြင်း မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ စုံစမ်း သိရှိရ

နေပြည်တော် သြဂ...ုတ် ၅
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် ကလေးငယ် တစ်ဦး Ebola Virus ရောဂါဖြင့် ဆေးကုသမှုခံယူနေကြောင်း အင်တာနက် သတင်းများ တွင် သြဂုတ် ၄ ရက်မှ စတင်၍ ဖော်ပြလျက်ရှိသည်။
အင်တာနက်သတင်းတွင် ဖော်ပြထားသည့် လူနာမှာ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနေ အသက် ၆ နှစ်အရွယ်ရှိ မောင်မျိုးလင်းနိုင် ဆိုသူဖြစ်ပြီး ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ဆာလဖာ ဆေးမတည့်ခြင်းကြောင့် ဖြစ်ပေါ် လာသော Stevens – Johnson Syndrome ရောဂါဖြင့် စစ်တွေမြို့ ပြည်နယ် အထွေထွေ ဆေးရုံကြီး ကလေး ကုသဆောင်၌ တက်ရောက် ကုသနေ သူဖြစ်ကြောင်း၊ လူနာသည် အဖျားရောဂါဖြင့် ရွာတွင် ဇူလိုင် ၂၁ ရက်မှ စ၍ ဆေးသောက်ခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၂၃ ရက်တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံမှ တစ်ဆင့် စစ်တွေမြို့ ပြည်နယ် အထွေထွေရောဂါ ကု ဆေးရုံကြီးသို့ လွှဲပြောင်းရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Stevens- Johnson Syndrome ရောဂါသည် မွေးရာပါ ခုခံအား စနစ် ချို့ယွင်း နေသူများတွင် ဆေးဝါးဓာတ်မတည့်ခြင်း၊ အထူးသဖြင့် ဆာလ်ဖာဓာတ်ပါဝင်သော ဆေးဝါးများကြောင့် ဖြစ်ပွားပြီး Human Immuno Deficiency Virus, Coxsackievirus အသည်းရောင် ရောဂါပိုး၊ တုပ်ကွေးရောဂါပိုးတို့ ၀င်ရောက်ခြင်း၊ ကင်ဆာ ရောဂါဖြစ်ခြင်း တို့ကြောင့် ဖြစ်ပွားလေ့ရှိကြောင်း၊ ဆေးဝါး ဓာတ်မတည့် မှုကြောင့် အများဆုံးဖြစ်ပွားလေ့ ရှိပြီး ယင်းရောဂါဖြစ်ပွားပါက ပထမဦးစွာ ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်းတို့ ဖြစ်ကာ နောက်ပိုင်းတွင် ပါးစပ်၊ နှုတ်ခမ်း၊ လိင်အင်္ဂါ နှင့် စအိုပတ်ဝန်းကျင် တို့တွင် အနာများဖြစ်ပေါ်ခြင်း၊ ပါးစပ်ထဲတွင် အနာများ ဖြစ်ပွားပါက လူနာသည် အလွန်အမင်း နာကျင်ပြီး အစာမစားနိုင်ခြင်း၊ ကလေး ငယ်များတွင် ယင်းရောဂါဖြစ်ပွားပါက လူနာ ၃၀ ရာခိုင်နှုန်း၌ မျက်စေ့ နာခြင်း ဖြစ်ပွား နိုင်ကြောင်း၊ မျက်နှာ၊ ခန္ဓာကိုယ်၊ ခြေလက်၊ ခြေဖ၀ါး များတွင် တစ်လက်မ ပတ်လည်ခန့် အနီပြင်များ ထွက်ခြင်း၊ မျက်ကြည်လွာ ပျက်စီးခြင်း၊ မျက်စိကန်းခြင်း၊ ကိုယ်တွင်း ကလီစာများ ပျက်စီးခြင်းတို့ ဖြစ်နိုင်ကြောင်း သိရှိရသည်။
မောင်မျိုးလင်းနိုင်အား စစ်တွေမြို့ ဆေးရုံကြီးမှ ဆရာဝန်၊ သူနာပြုများ၏ ပြုစု ကုသပေး မှုကြောင့် ယခုအခါ အခြေအနေ သက်သာကောင်းမွန်လျက်ရှိကြောင်း သိရှိ ရသည်။
ကျန်းမာရေးဝန်ကြီးဌာနက အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း ကို ဆောင်ရွက် လျက်ရှိပြီး မြန်မာနိုင်ငံတွင် ယနေ့အထိ အီဘိုလာရော ဂါ ဖြစ်ပွား သူ မရှိ ကြောင်း၊ အင်တာနက် သတင်းတွင် ဖော်ပြ ထားသည့် အဆိုပါ သတင်း မှာ မှားယွင်း ဖော်ပြ ချက်သာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိ ရသည်။
MOI Webportal Myanmar
 
 

No comments:

Post a Comment