Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

အဲပုဂံ ၀န်ထမ်းများကို ရှယ်ယာ ၄၀ ရာခိုင်နှုန်း ခွဲပေးမည်



မကြာခင် အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်းတော့မယ့် လုပ်ငန်းရှင် သူဌေးကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်းဟာ သူ့အစုရှယ်ယာ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ၀န်ထမ်းတွေအတွက် အခမဲ့ ခွဲဝေပေးသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

လက်ရှိ အဲပုဂံလေကြောင်းလိုင်း ရဲ့ အစုရှယ်ယာ စုစုပေါင်း သန်း ၃၀ ကျော်ရှိပြီး အဲဒီ အထဲက ၁၂ သန်းကျော်ကို ခွဲဝေပေးသွားမယ့် သဘောပါ။

ဒီလို ရှယ်ယာ လွှဲပြောင်းပေးနိုင်ရေး အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က တည်းက မြန်မာနိုင်ငံ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး တာဝန်ရှိသူတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲပုဂံလေကြောင်းလိုင်းကို အရင် စစ်အစိုးရ အာဏာပိုင်တွေနဲ့ နီးစပ်သူ သူဌေးကြီး ဦးတေဇက ၂၀၀၄ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုကြောင့် ပြည်ပလေကြောင်းလိုင်း ပြေးဆွဲတဲ့ လုပ်ငန်း လုပ်ကိုင်နိုင်ခြင်း မရှိပဲ အရှုံးပေါ်နေတဲ့ လေကြောင်းလိုင်းတခု ဖြစ်ပါတယ်။

DVB Burmese

No comments:

Post a Comment