Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 19, 2014

ရန်ကုန်တက္ကသိုလ်မှာ သံချပ်ဖျော်ဖြေခွင့် တားမြစ် ပိတ်ပင်

လာမယ့် သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန်တက္ကသိုလ်မှာ စတင်ကျင်းပမယ့် ရန်ကုန်တက္ကသိုလ် သိပံ္ပပြပွဲ ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာစာဌာန ကျောင်းသားကျောင်း သူတွေက သံချပ်နဲ့ဖျော်ဖြေမယ့်အစီအစဉ်ကို ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်က တားမြစ်ခဲ့တယ်လို့ မြန်မာ စာဌာန ကျောင်းသားတွေက ပြောပါတယ်။
သံချပ်နဲ့ဖျော်ဖြေခွင့် တားမြစ်ခံရတဲ့အပေါ် ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မြန်မာ စာ ကျောင်းသူ သံချပ်အဖွဲ့ခေါင်းဆောင် မအိဆွေမြတ် က အခုလိုပြောပါတယ်။
“အစ်မတို့သံချပ်ရဟာဇယ်လုပ်နေတဲ့ အချိန်မှာ ပါချုပ်ကခန်းမထဲကို ရောက်လာတယ် ၊ ရောက်လာပြီးတော့ တာဝန်ရှိတဲ့ဆရာမကို ခေါ် သွားတယ်ပေါ့နော်၊ ပါချုပ်ကပြောတယ်ပေါ့နော် သူတို့ လူကြီးတွေကို ဖိတ်ထားတဲ့ခေါင်းစဉ်မှာ ဖိတ်စာက တိုင်းရင်းသားရေးရာကတော့ ဒီပွဲနဲ့ မအပ်စပ်ဘူးထင်တယ် အဲ့လိုမျိုး တိုင်းရင်းသားရိုးရာ ပဒေသာကပွဲလို့တော့ သူတို့ပြောထားပေမဲ့ တခြားမေဂျာတွေ ကိုးရီးယားသီချင်းတွေနဲ့ တက်ကတယ်၊ အင်္ဂလိပ် သီချင်းတွေတက်ဆိုတယ်၊ အဲ့လိုမျိုး အမှန်ပေးပြီးတော့ ဒီသံချပ်ဆိုတာကိုကျတော့ မထိုးခိုင်းဘူး၊ ရန်ကုန်တက္တသိုလ်နဲ့ဆိုင်တဲ့ အကြောင်းတွေပဲပေါ့၊ ကျောင်းထဲတို့ အထင်ကရနေရာတွေပေါ့၊ သစ်ပုတ်တို့၊ ဂျက်ဆင်တို့၊ ဂန့်ဂေါ် တန်းတို့ ဒါတွေကို တားဆီးတယ်၊ ပြီးတော့ ပညာရေးစနစ်ကို နည်းနည်းလေးပေါ့၊ ပါးပါးလေး သရော်တယ်”
ရန်ကုန်တက္ကသိုလ် သိပံ္ပဌာနမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေရဲ့ တီထွင်မှုနဲ့ တခြား သိပံ္ပပစ္စည်းများပြပွဲကို လာမယ့် သြဂုတ်လ ၂၃ ရက်နေ့ကကနေ ၂၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လွန်ဘာသာရပ်တချို့ကိုသာ သင်ကြားခွင့်ပေးခဲ့ပြီး ဘွဲ့ကြိုတန်းတွေအတွက် ပညာ သင်ကြားခွင့် နှစ်ပေါင်းများစွာ ပိတ်ထားရာကနေ ဒီနှစ်၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ဘွဲ့ကြိုကျောင်းသားတွေကို ပထမဆုံးအကြိမ် ပညာသင်ကြားခွင့်ပြုခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment