Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 10, 2014

ဝမ်းဗိုက်ယားလို့ ကားအမိုးနဲ့ ပွတ်တိုက်တဲ့ အာဖရိကဆင်



တောင်အာဖရိကနိုင်ငံမှာ ရှိတဲ့ Pilanesberg National Park က ဆင်တစ်ကောင်ဟာ သူရဲ့ ၀မ်းဗိုက်က ယားယံလာတဲ့အတွက် အဲဒီ အမျိုးသားဥယျာဉ်ထဲကို လေ့လာရေးခရီးလာရောက်တဲ့ ကားတစ်စီးကို ပုံပါအတိုင်း ရပ်တန့်စေကာ သူ၏ ယားယံနေသည့် ၀မ်းဗိုက်ကို ပွတ်တိုက်ခဲ့ပါတယ်။ အဲဒီအတွက် အတွင်းမှာ လိုက်ပါလာတဲ့သူတွေဟာ ဆင်ရဲ့ ၀မ်းဗိုက်ယားယံမှု ပြေပျောက်သည့်အထိ စိတ်ရှည်စွာနဲ့ စောင့်စားခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ကို Barcroft Media က ဓာတ်ပုံဆရာ Armand Grobler က မိမိရရ ရိုက်ကူးနိုင်ခဲ့ပြီး The Guardian သတင်းစာ ၀က်ဘ်ဆိုက်ရဲ့ အယ်ဒီတာစိတ်ကြိုက် ရွေးချယ်မှုများထဲမှ ဓာတ်ပုံ တစ်ပုံဖြစ်ခဲ့ပါတယ်။

Ref : The Guardian
===========================================
#YangonMediaGroup ™ | #MZK | www.yangonmedia.com

 

No comments:

Post a Comment