Image and video hosting by TinyPic
၁၂နေ့ နေ့လည်၂နာရီခန့်က ရပ်ထားသောကားပေါ်မှ လဲကျ ချင်ယောင်ဆောင် ပီး ငွေညှစ်တဲ့မိန်းမပါ လုပ်စားနေတာကြာပီ ထင်ပါတယ် ကျွန်တော့်ကို လက်အကောင်းကြီးကို ကျိုးပီဆိုပီး ဆေးခန်းပို့ပေး မပေးရင် ရဲတိုင်မယ် ဘာ ညာ နဲ့ ပြောတော့ ကျွန်တော်က ပို့ပေးမယ်ဆိုပီး ရဲစခန်းထဲမောင်း ၀င်လိုက်တော့ ရဲရှေ့ရောက်တော့ လက်ကမကျိုးဘူး နာပဲနာတာ လို့ပြောတယ် ရဲကလိပ်စာတောင်းတော့ အိမ်နံပတ်မရှိဘူး လမ်းနံမည်မသိဘူး ကျူးကျော်တဲလေးထိုးပီးနေတယ်ဘာညာနဲ့ ရဲ က မော်တော်ပီကယ်ရုံးကို သွားပါဆိုတော့ ထပ်သွား တယ် ရုံးရောက်တော့ ဆေးရုံ ကြီးကိုထပ်သွားတဲ့ဆေးစစ်ချက်ယူ ဓာတ်မှန်ရိုက်တဲ့ အဖြေပေါ်မှ အမှားအမှန်ဆက်လုပ်ရမယ်တဲ့ အဲ့မှာတင် မှောင်တော့မယ်
ကျွန်တော်လဲ အလုပ်ကိစ္စချိန်းထားတာတွေမဖျက်ချင်တာကတကြောင်း ပီးတော့ဒီမိန်းမက စစ်လိုက်ရင်လက်ဘာမှမဖြစ်ဘူးဆိုတာ ပေါ်မှာစိုးလို့ ခေါင်းကလဲမူးတယ်လုပ်လာတယ် ခေါင်းကချက်ချင်းစစ်လို့မရတာလဲသိတယ် ဆရာကျနေပီသူက ဒါနဲ့ကျွန်တော်လဲဆေးရုံ သွားတဲ့လမ်းမှာ ပေါ်တင်မေးလိုက်တယ် ခင်များဘယ်လောက် တောင်းမလဲဆို တော့ တစ်သိန်းပေးတဲ့ ကျွန်တော်လဲ တစ်သိန်း တော့မပေးဘူး တစ်သောင်းခွဲပေးမယ် ယူချင်ယူမယူချင်ရင် ဆေးလိုက်စစ် ဆေးစစ်ပီး ရင်တော့ ခင်ဗျားနောက်ဆုတ်လို့မရတော့ဘူးနော် ကို့ကိုယ်ကိုသိ ခင်များမှန်တယ်ဆိုရင်လိုက်စစ်လိုက် တစ်သိန်းတော့မရဘူး ဆိုတော့ ဆေးရုံရှေ့လည်းရောက်ရော တစ်သောင်းခွဲ ယူပီးထလစ်ရောလက်ကချက်ချင်းအကောင်းဖြစ်သွားတယ်။ ဒါမျိုးတွေအများကြီးရှိပါတယ် နဂိုထဲကကျိုးနေတဲ့ လက်ကိုအကြောင်းပြပီးလုပ်စားတဲ့ငနဲတစ်ကောင်လဲရှိသေးတယ်. ကိုယ်ပဲဖြစ်ဖြစ်ကိုယ့် Friend ထဲမှာပဲဖြစ်ဖြစ် ကားနဲ့ပတ်သတ်နေရသူတွေသိထားသင့်လို့ဝိုင်းရှဲပေးကြပါ
မှတ်ချက်။ ။ မယုံကြည်သူများ အဲ့မိန်းမ ဈေးညှိတဲ့ အသံဖိုင်များလာရောက်နားဆင်နိုင်ပါတယ် ကျွန်တော်အကုန် record လုပ်ထားပါတယ် ဗဟန်းရဲစခန်းမှာလည်း မေးကြည့်နိုင်ပါတယ်
Credit: Sat Naing