Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 15, 2014

တစ်ခြမ်းမဲ့ပြဇာတ်



တစ်ခြမ်းမဲ့ပြဇာတ်
ငါကနေတစ်ခြမ်း လတစ်ခြမ်း ကမ္ဘာတစ်ခြမ်း
ကဗျာတစ်ခြမ်းကိုသာ ထမ်းပိုးချင်သူ
ဒါတောင်မှ
ဒုက္ခတွေအမျိုးမျိုးနဲ့ 
ထိုင်နေရင်းနဲ့ လည်း ခဏခဏချော်လဲ
နေရာတွေလွဲတတ်လွန်းလို့ 
မတ်တပ်ပဲရပ်နေရမလို
အိပ်မက်ကိုဖြုတ်လဲဖို့ ဝါသနာမပါတော့
ချစ်သူကတောင်ပြောတယ်
လူတွေရဲ့အိပ်မက်ကကြောက်စရာကောင်းတယ်တဲ့
လူတွေမှာကွဲပြားတာဆိုလို့  ဘာသာစကားပဲရှိတဲ့ဟာ
ဘာတွေများအထူးတလည်မာနကြီးနေကြပါလိမ်ါ
ငါကတော့ဒဏ်ရာဆိုးနဲ့ လူတစ်ယောက်ပေါ့
တနင်္ဂနွေတွေကို အထပ်ထပ်ထုပ်ပိုး
ဟန်ဆောင်ခြင်းအမျိုးမျိုးနဲ့ 
ဒီလိုပဲတိုးတိုးတိတ်တိတ်အသားကျနေကြ
ငါကရာဇဝင်ထဲကတိမ်တွေကိုနေရာရွှေ့ ခဲ့ရုံလေးပါ
သူတို့ ကတော့ငါကကမ္ဘာာတစ်ခြမ်းကိုမှောင်ပစ်လိုက်တာတဲ့
ဖြစ်ပုံများ
ငါ့ရာဇဝင်တောင် ငါ့ပြန်ရှက်နေရပြီ
ဘယ်သူဘာပြောပြော
လွန်ခဲ့တဲ့အတိတ်နေ့ ရက်တွေတုန်းက
ငါ့အလင်းနဲ့ ငါမှောင်ခဲ့ရတာပဲလေ။
ယုံမွန် (UFL)

No comments:

Post a Comment