Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 5, 2014

လိုက်ဘေးရီးယားတွင် အီဘိုလာကြောင့် ဆရာဝန် ၆၀ ကျော်သေဆုံး၊ ကျန်မာရေးဌာနများပိတ်

images


အနောက်အာဖရိကနိုင်ငံတွေက ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကြောင့် အစိုးရတွေ ဟာ အီဘိုလာဗိုင်းရပ်စ် ထိန်းမရအောင် ကူးစက်နေတာကို ရပ်တန့်ဖို့ အလူးအလဲ ကြိုးစားနေပါတယ်။လိုက်ဘေးရီး ယားနိုင်ငံ ဆေး ဘက်ဝန်ထမ်းတွေဟာ အလုပ်ကို လာဖို့ ကြောက် လန့်နေကြတဲ့အတွက် ကျန်းမာရေးဆေး ကုဌာနအများအပြားကို ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က ပိတ်လိုက်ပါတယ်။
လိုက်ဘေးရီး ယားနိုင်ငံတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားရင်း အီဘိုလာ ကူးစက်လို့ ဆရာဝန်အယောက် ၆၀ ကျော် သေဆုံးခဲ့ပါတယ်။
အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးဟာ ကျန်းမာရေးစနစ် အားနည်းမှုကြောင့် ထိန်းချုပ်နိုင်တာထက် ပိုပျံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရင်အပတ်က သတိပေးခဲ့တယ်။
ဆီရီယာလီယွန်နဲ့ လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံထားရတဲ့ ရပ်ကွက်တွေကို သီးသန့်ထားဖို့ သြဂုတ် ၄ ရက်နေ့က ရာနဲ့ချီတဲ့ စစ်သားတွေကို တာဝန်ချ ထားရပါတယ်။
အဆိုးရွားဆုံး ကူးစက်မှုကြောင့် သေဆုံးသူ ၈၈၇ ယောက်ရှိပြီး နိုင်ဂျီးရီးယားနိုင်ငံမှာတော့ ကူးစက်မှုအသစ် ၃ ခု ထပ်ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။
လိုက်ဘေးရီးယားနဲ့ဆီရီယာလီယွန် ၂ နိုင်ငံလုံးက အီဘိုလာရောဂါကု ထိပ်တန်းဆရာဝန်တွေလည်း လူနာအများအပြားကို ကုသအပြီး ဒီရောဂါနဲ့ပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။
နှစ်နိုင်ငံလုံးက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ၀န်ထမ်းတွေကတော့ လူနာတွေကို ကိုင်တွယ်ကုသဖို့၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့၊ အစိုးရတွေဆီက လုံလောက်တဲ့ အထောက်အပံ့ မရဘူးလို့ ပြောပါတယ်။
အရာရှိတွေကတော့ အီဘိုလာပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ကိုသာမက ဒေသခံတွေရဲ့ မယုံကြည်မှုတွေကိုပါ ကိုင်တွယ်ဖြေရှင်းနေရတာပါ။
အစိုးရက ဂျွန်ဆင်ဗေလီရပ်ကွက်မှာ အီဘိုလာကူးစက်ခံတွေကို မြေမြှုပ်ဖို့ နေရာစီစဉ်ပေးရေး ကြိုးစားခဲ့လို့ အနားက ဒေသခံတွေ ဆန္ဒပြခဲ့ပါတယ်။ တပ်တွေကလည်း အရေးပေါ် အခြေအနေ ကိုင်တွယ်မှုကို ကူညီဖို့ အားဖြည့်နေရပါတယ်။
အီဘိုလာဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူရဲ့ ကိုယ်က ထွက်တဲ့ အရည်တွေကို တိုက်ရိုက်ထိတွေ့မှုကနေတဆင့် ကူးစက်နိုင်ပြီး ရှူသွင်းတဲ့လေ ဒါမှမဟုတ် ရိုးရိုးထိတွေ့မှုကနေ တဆင့် မကူးစက်နိုင်ပါဘူး။
ကူးစက်ခံရသူ သေဆုံးနှုန်း ၉၀ ရာခိုင်နှုန်း ရှိတဲ့ အီဘိုလာဟာ လောလောဆယ်မှာတော့ ကူးစက်ခံရသူ သေဆုံးနှုန်း ၆၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေပါတယ်။
ရောဂါလက္ခဏာတွေက အော့အန်ပြီး ၀မ်းလျော့တာနဲ့ ကိုယ်တွင်းကိုယ်ပြင်သွေးထွက်တာ တွေ ဖြစ်လေ့ရှိတာ ဖြစ်ပါတယ်။

ကူးစက်ခံရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု  သေသေချာချာ မခံရရင် ၂ ရက်ကနေ ၂၁ ရက်အတွင်း သေဆုံးနိုင်ပြီး ကုသဆေးနဲ့ ကာကွယ်ဆေးပါ မရှိသေးပါဘူး။
http://burmese.dvb.no/archives/61647

No comments:

Post a Comment