Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 10, 2014

နိုင်ကျဉ်းအဖွဲ့များနှင့် ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးမည်

အစိုးရအနေဖြင့် လက်ရှိနိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ထပ်မံဖမ်းဆီးခြင်းများ မပြုလုပ်ရန် အမေရိကန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်နေသည့်အဖွဲ့များ ယနေ့တွေ့ဆုံရာတွင် ဆွေးနွေးမည်ဟု သတင်းရရှိသည်။
သြဂုတ် ၁၁ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိအမေရိကန် သံရုံး၌ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ ရန်ရှိသည်ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှ ကိုရဲ အောင်ကပြောသည်။
‘‘ကျွန်တော်တို့ကို တွေ့ဖို့ တော့ ပြောထားတယ်။ ဘာ ကြောင့် တွေ့မယ်ဆိုတာတော့မသိသေးဘူး။ ကျွန်တော်တို့က တော့ တွေ့ဖြစ်ရင် နိုင်ငံရေးအ ကျဉ်းသားတွေကိစ္စကိုဆွေးနွေး ဖြစ်မှာပါ’’ဟု ကိုရဲအောင်ကပြောသည်။ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ ရာတွင် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့နှင့် နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (မြန်မာနိုင်ငံ) တို့ တက်ရောက်ကြမည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။
မြန်မာနိုင်ငံရှိ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအ ကျဉ်းသား ခုနစ်ဆယ်ဦးဆက် လက်ဖမ်းဆီးထိန်းသိမ်းခံထားရ ပြီး တက်ကြွလှုပ်ရှားသူ ၁၁၄ဦး ခန့် တရားရင်ဆိုင်နေရဆဲ ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအ သင်း(မြန်မာနိုင်ငံ)(AAPP) က ဇူ လိုင်လအတွက် နိုင်ငံရေးဖြစ်ပေါ် သုံးသပ်ချက်များကို သြဂုတ်လ ၉ ရက်က ထုတ်ပြန်ခဲ့သည်။
သမ္မတဦးသိန်းစိန်ဦးဆောင် သော အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်း ထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံ နေရသော အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် အကျဉ်းသားဦးရေ ၂၈၆၁၈ဦးရှိ ကြောင်း ၂၀၁၃ ခုနှစ်ဇူလိုင် ၂၄ ရက်ထုတ်နိုင်ငံပိုင်သတင်းစာတွင် ပါရှိသည်။
7daydaily

No comments:

Post a Comment