Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

အလည်အပတ်ဗီဇာအတုဖြင့် မလေးသွားခဲ့သည့် မြန်မာနိုင်ငံသား ၅၂ ဦးအား ထောင်ဒဏ်တစ်နှစ်စီ ချမှတ်


မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ (Visit Visa) အတုဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံသား ၅၂ ဦးအား မလေးရှားနိုင်ငံ ဆီဗန်းတရားရုံးက မလေးရှားစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ 

ဇူလိုင် ၈ ရက်က မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ (Visit Visa) ဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံ သား ၇၂ ဦးထဲမှ ၆၁ ဦးသည် ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အရေးယူဆောင်ရွက်ထားရာ ၎င်းတို့ထဲမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အို ကိုးဦးအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ စုစုပေါင်း ၅၂ ဦးသာ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ် သည်။

7day

No comments:

Post a Comment