Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 14, 2014

ရိပ်သာအလှူမှ ဒံပေါက်နှင့် ရေခဲမုန့်များစားပြီး အစာအဆိပ်သင့်၊ တစ်ဦးသေ



အလှူမှကျွေးသော ဒံပေါက်နှင့် ရေခဲမုန့်များ စားမိပြီး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းမှ တရားစခန်းဝင်သူများ အပါအဝင် ကျေးရွာသူ ကျေးရွာ သား ၅၈ ဦး အစာအဆိပ်သင့်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း နှလုံးလှလူမှုကူညီရေး အဖွဲ့အစည်းမှ သတင်းရရှိသည်။

ပဲခူးတိုင်း တောင်ကြီးကွဲ ကျေးရွာအတွင်းရှိ မိုးကုတ်ဝိပဿ နာ ဓမ္မရိပ်သာကျောင်းတွင် သြ ဂုတ် ၁၀ ရက် နံနက် ၁၁ နာရီခန့်က အလှူရှင်တစ်ဦးက ဒံပေါက်နှင့် ရေခဲမုန့်များ လာရောက်လှူဒါန်း ခဲ့၍ ကျောင်းရှိ တရားစခန်းဝင်သူ များနှင့် ကျေးရွာအတွင်းရှိ ဥပုသ် သည်များ စားသုံးခဲ့ခြင်းဖြစ်သည်။ စားသုံးမိသူ ၅၈ ဦးအနက် ၂၃ ဦးမှာ ပြင်းထန်စွာ အစာဆိပ်သင့်ကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ပြီး ၁၆ ဦးကို ဆေးရုံတင်ပို့ခဲ့ရသည်။

‘‘အလှူကတော့ အရင်က တည်းက လာလှူနေကျ။ အခုမှ ဒီလိုဖြစ်တာပါဆိုတော့ သူတို့လည်း လှူရတာ ဘယ်စိတ်ကောင်းပါ့မလဲ။ ရိုးရိုးအစာအဆိပ်သင့်တာ မဟုတ်ဘဲ ကူးစက်ပိုး ဝမ်းရောဂါပိုးပါ တွေ့တာ။ ၂၃ ဦးဆိုရင် တစ်နေ့တည်း လေး၊ ငါးကြိမ်သွားလို့ သွေးပေါင်တွေ ထိုးကျသွားလို့ ဆေးရုံကို အမြန်တင်ပေးလိုက်ရတယ်။ တစ်ယောက်ကတော့ သူ့ရွာကို ပြန်သွားတာ ရွာရောက်တော့ ဆုံးသွားတယ်’’ဟု ယင်းအဖွဲ့အစည်းမှ ဦးတင်လှိုင်က ပြောသည်။

အစာအဆိပ်သင့်ပြီး ဝမ်း လျှော သေဆုံးခဲ့သူမှာ မှော်ဘီမြို့ ဝက်နှစ်ချောင်းကျေးရွာ၌ နေထိုင်သူဖြစ်ပြီး အသက် (၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

‘‘ဒီနေ့တော့ ဆင်းသွားကြပါ ပြီ။ ဒါပေမဲ့ ဆေးရုံမှာတော့ ၁၀ ယောက်လောက်တော့ ကျန်ဦး မယ်’’ဟု ၎င်းကဆက်လက်ပြော သည်။

ယင်းဖြစ်စဉ်ကြောင့် အဆိုပါရိပ်သာအတွင်း ဆေးဖျန်းခြင်းအစ ရှိသည့် ကျန်းမာရေးကာကွယ် စောင့်ရှောက်မှုများ လုပ်ဆောင် လျက်ရှိသည်ဟု သိရသည်။

‘‘အဲဒီ အင်းတကော်ဘက် တော့ ရေပြန်ကျသွားပြီ။ ကျန်းမာ ရေးစောင့်ရှောက်မှုတွေလည်း ရှိ တယ်။ သူနာပြုဆရာမတွေလည်း ဆေးရုံက အမြဲလှည့်ပတ်ကြည့် တယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတော့ မရှိဘူး’’ဟု ပဲခူး အမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit: 7 Day Daily

No comments:

Post a Comment