Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 5, 2014

တင့်ကားချင်း စီးချင်းထိုးသည့် ကမ္ဘာ့ချန်ပီယံလုပွဲ


တင့်ကားချင်းစီးချင်းထိုးတဲ့ ကမ္ဘာ့ချန်ပီယံလုပွဲကို ရုရှားနိုင်ငံမြို့တော် မော်စကိုနားက စစ်ရေး လေ့ကျင့်ရာနေရာမှာ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က စတင်ကျင်းပနေပါတယ်။
မွန်ဂိုလီးယားအသင်း ပြိုင်ပွဲဝင်နေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
မွန်ဂိုလီးယားအသင်း ပြိုင်ပွဲဝင်နေစဉ် (ဓာတ်ပုံ – အေအက်ဖ်ပီ)
အရင် ဆိုဗီယက်ပြည်ထောင် စု လက်အောက်ခံဖြစ်ခဲ့ တဲ့ နိုင်ငံအများအပြား က ပါဝင် ယှဉ်ပြိုင်နေကြပြီး ရုရှားနဲ့ ယူကရိန်းကြား ဆက်ဆံရေး ပိုဆိုးလာနေချိန်မှာ ဒီပွဲကို ကျင်းပတာ ဖြစ် ပါတယ်။
ဒီနှစ်မှာတော့ အင်ဂိုလာ၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဗင်နီဇွဲလား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တရုတ်၊ ကူဝိတ်၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ ဆားဘီးယားနိုင်ငံ စတဲ့ ၁၂ နိုင်ငံက ပြိုင်ပွဲ ၀င်ခဲ့ပါတယ်။
တရုတ်နိုင်ငံက T-96 တင့်ကားကို သုံးပြီး ကျန်တဲ့နိုင်ငံတွေ အားလုံးကတော့ T-72 တင့်ကားကို သုံးခဲ့ကြပြီး အခက်အခဲကျော်လွှားမှုနဲ့ အပစ်အခတ် တိကျမှုတို့ကို ယှဉ်ပြိုင်ခဲ့ ကြပါတယ်။
မြေပြင်နဲ့ ဝေဟင်က ပစ်မှတ်တွေကို အဓိက သေနတ်နဲ့ရော၊ စက်သေနတ်နဲ့ပါ ထိမှန်အောင် ပစ်ခတ် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ မီဒီယာတွေက အစီရင်ခံခဲ့ကြပါတယ်။
http://burmese.dvb.no/archives/61658

No comments:

Post a Comment