Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 7, 2014

ဂျူးစံသာ၊ လှယဉ်ကျေးမှသည် အေးချမ်းမြေ့ဆီသို့ ရောက်သွားတဲ့ သရဖူ


Miss Globe Myanmar သရဖူဆုဟာ ဂျူးစံသာဆီကနေ လှယဉ်ကျေး၊ လှယဉ်ကျေးကနေ အခုတော့ အေးချမ်းမြေ့ဆီ ရောက်သွားပြန်ပါပြီ။ နိုင်ငံတကာပြိုင်ပွဲ မသွားရောက်ခင် သရဖူအပြောင်းအလဲတွေ ဘာ့ကြောင့် မြန်မြန်ဖြစ်နေတာလဲ။
စည်းကမ်းချိုးဖောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျူးစံသာဆီက သရဖူကို လှယဉ်ကျေးဆီ လွှဲပြောင်းအပြီးမှာတော့ သူပြိုင်ပွဲဝင်မယ့်အပေါ် မကျေနပ်တဲ့သူတွေ၊ မလိုတမာ ပြောဆိုမှုတွေကြောင့် ထိခိုက်မှာစိုးလို့ အခုပြိုင်ပွဲကနေ ခဏနားလိုက်တာပါလို့ လှယဉ်ကျေးက ဆိုပါတယ်။ ဒီအတွက် ဘာခံစားချက်မှ မရှိပါဘူးလို့ ဆိုပါတယ်။
ပြိုင်ပွဲဝင်ဖို့ လှယဉ်ကျေးတစ်ယောက် အစစအရာရာ အဆင့်သင့်ဖြစ်နေချိန်မှာ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ Miss Globe Myanmar Organization က ဦးဖြိုးပိုင်ဦးက ကမာရွတ်မီဒီယာကို ရှင်းပြပါတယ်။ ပြိုင်ပွဲဝင်ခဲ့သူတွေထဲပဲ ရွေးချယ်စေချင်တယ်ဆိုတဲ့ အသံတွေလည်းရှိတာကြောင့် ပရိသတ်အသံကို လေးစားပြီး စတုတ္ထဆုရှင် အေးချမ်းမြေ့ကို ရွေးခဲ့ပါတယ်လို့ ဆိုပါတယ်။ သရဖူဆုရ ဂျူးစံသာမရှိတော့ ပထမဆုနဲ့ တတိယဆုရှင်တွေက Miss Golden Land မှာ ဝင်ပြိုင်နေသလို ဒုတိယဆုရှင်ကလည်း Miss Universe Myanmar မှာ ဝင်ပြိုင်နေတာကြောင့်ပါလို့ သူက ဆိုပါတယ်။

အခုတော့ Miss Globe Myanmar ပြိုင်ပွဲမှာ စတုတ္ထဆုရခဲ့တဲ့ အေးချမ်းမြေ့ကို ရေးရတာကလည်း သူဟာ လေ့ကျင့်မှုအပြည့်ရှိထားပြီး ဆေးကျောင်းသူတစ်ယောက်လည်း ဖြစ်တာမို့ ဉာဏ်ပညာတော်ပြီး နိုင်ငံတကာကို သွားပြိုင်ဖို့ သရဖူဆုကြီးက လူ၅ယောက်ကို ကျော်ပြီးမှ သူ့ဆီရောက်လာတာ စန်းရှိလို့လည်း ဖြစ်မှာပါလို့ ဆိုပါတယ်။
သူ့ကို အေးချမ်းမြေ့လို့ မမြင်ဘဲ မြန်မာလူမျိုးတစ်ယောက်အနေနဲ့နိုင်ငံကိုယ်စားပြု သွားပြိုင်တဲ့အခါမှာ ကိုယ့်မြန်မာလူမျိုးကို အားပေးတယ်ဆိုတဲ့စိတ်နဲ့ သူ့ကို အားပေးချီးမြှင့်ကြပါလို့ အလှမယ် အေးချမ်းမြေ့က ပြောပြပါတယ်။

အေးချမ်းမြေ့အပေါ် သူတို့ Organization အနေနဲ့ ယုံကြည်ပါတယ်လို့ ဦးဖြိုးပိုင်ဦးက ပြောပါတယ်။
Kamayut Media

No comments:

Post a Comment