Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 8, 2014

ရွှေသင်္ကန်း ကပ်လှူ နေရာသို့ မိန်းမလျာများကို ခွင့်မပြု ဟုဆို


မဟာမြတ်မုနိဘုရားကြီး ရွှေသင်္ကန်း ကပ်လှူရန် အမျိုးသားများကိုသာ ခွင့်ပြုထားသော် လည်းမိန်းမလျာ များကိုတက် ရောက်ကပ်လှူခွင့်ပေး သွားမည်မ ဟုတ်ဘဲ စောင့်ကြပ် မှုများ လုပ်ဆောင်ထား မည်ဖြစ်ကြောင်း မဟာမုနိ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိန်းမလျာများက အမျိုးသမီး အ၀တ်အစားများ ၀တ်ဆင်၍ တက်ရောက်မှုများ ရှိခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ စီစဉ် ခြင်းဖြစ် ကြောင်းနှင့် စောင့်ကြည်ရေးအဖွဲ့ကို အမြဲတမ်းထားရှိသော်လည်း တောင်ပြုံး ပွဲကာလအတွင်း သေချာစောင့် ကြည့်မှုများ ကို လုပ်ဆောင်မည်ဖြစ်သည်။

“ဘုရားကို ရွှေသင်္ကန်း ကပ်လှူပူဇော်တာမှာ ယောင်္ကျားတွေကိုပဲ တက်ရောက် ခွင့်ပြုတာဖြစ်တယ်။ ယောင်္ကျားဖြစ်ပေမယ့် မိန်းမလျာဖြစ်နေတဲ့ သူတွေကမိန်းမ အ၀တ်အစား ၀တ်ဆင်တာတို့၊ မိတ်ကပ် လိမ်းချယ်ပြီး ကပ်လှူတာတို့ကြောင့် အရင်နှစ်က ပြဿနာဖြစ်ဖူးပါတယ်။ ဒါကြောင့် အခုတောင်ပြုံး ပွဲတော်ကာလကစပြီး တက်ရောက်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး”ဟု မဟာမြတ်မုနိ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ဘုရားဖူး ပြည်သူများက မိန်းမလျာများ ကို မိန်းမအသွင်မြင်၍ ဂေါပကအဖွဲ့အား အထင်အမြင်သေးနိုင်ခြင်း၊ တိကျသေချာသော စည်းကမ်းချက်များ ထုတ်ပြန်ထားရှိလိုခြင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်စေလိုခြင်းကြောင့် ရည်ရွယ်၍ ယခုကဲ့သို့လုပ်ခြင်းဖြစ်သည်။

ရွှေသင်္ကန်း ကပ်လှူခြင်းပြုလုပ်ရာ အ၀င်လမ်းတွင် ဘုရားကြီး လုံခြုံရေးများကို ချထားဆောင်ရွက်၍ မိန်းမလျာများကို စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ လုံခြုံ ရေးပိုင်း ဆိုင်ရာများကိုလည်း ဂရုပြုဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် စီစီတီဗီ များကို တပ်ဆင်ထားရှိ၍ လိုအပ်သလို ထိန်းသိမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။

“ဘုရားကြီးအတွင်း လိုအပ်တဲ့ စည်းကမ်းချက်တွေကို ဆောင်ရွက်နိုင်အောင် ပြဿနာတွေဖြေရှင်း နိုင်အောင် လုံခြုံရေး အတွက် လုံခြုံရေးအင်အား ၆၀ ကျော်ခန့်အပ်ထားရှိပြီး ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် စီစီတီဗွီ ကင်မရာ ၁၀ လုံးနဲ့လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်””ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဘုရားကြီးပရ၀ုဏ်အတွင်း ခိုးဆိုးနှိုက်များကိုလည်း နေ့စဉ်ဘုရားကြီး လုံခြုံရေးအဖွဲ့နှင့် နယ်မြေအလိုက် တာဝန်ကျရဲများဖြင့် အရေးယူမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ ဘုရားကြီးဝန်းကျင်တွင် ကော်ရှုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကော်ရှုသူများကို ယခုအခါတွင် ကော်ရှုသူများကိုလည်း ဖမ်းဆီး၍ သက်ဆိုင်ရာရဲဌာနသို့ အပ်နှံဆောင်ရွက်ခြင်းမျိုးကိုလည်း လုပ်ဆောင်သည်ဟု ၎င်းတို့က ဆိုသည်။
Mizzima

No comments:

Post a Comment