Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 20, 2014

တရုတ်နိုင်ငံမှတင်သွင်းသည့် ဟင်းချက်ဆီများတွင် အရည်အသွေးသတ်မှတ်ချက် မပြည့်မီခြင်းနှင့် မြေပဲဆီဟုဖော်ပြထားသည့် ဆီအချို့တွင် ဆီအရောများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ

တရုတ်နိုင်ငံမှ တင်သွင်းသည့် ဟင်းချက်ဆီများကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အရည်အသွေးသတ်မှတ်ချက် မပြည့်မီခြင်း၊ မြေပဲဆီဟုဖော်ပြထားသည့် ဆီအချို့တွင် မြေပဲဆီအရောများပါဝင်နေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဧပြီလအတွင်းက မန္တလေး၊ လားရှိုး၊ မူဆယ်မြို့ဈေးများအတွင်း ရောင်းချနေသည့် စားသုံးဆီ၊ အသင့်စားသရေစာမုန့်များအပါအဝင် စားသောက်ကုန်ပစ္စည်းများ နမူနာကောက်ယူစစ်ဆေးခဲ့ပြီး လားရှိုးမြို့ရှိ တရုတ်နိုင်ငံမှတင်သွင်းသည့် ဟင်းချက်ဆီများကို အစားအသောက်နှင့် ဆေးဝါးများကို ဈေးကွက်နမူနာကောက်ယူ၍ စစ်ဆေးခဲ့ရာ စားသုံးဆီ နမူနာ ၂၄ မျိုးအနက် လေးမျိုးမှာ စားအုန်းဆီအတွက် တင်သွင်းခွင့်ပြု အရည်အသွေးသတ်မှတ်ချက်မပြည့်မီခြင်း၊ မြေပဲဆီဟုဖော်ပြထားသည့် ဆီအချို့၌လည်း မြေပဲဆီအရောများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အစားအသောက်နမူနာ ၃၈ မျိုးအနက် ရွှေဝါဝင်းအမှတ်တံဆိပ် ငရုတ်သီးအရောင်တင်မှုန့်၌ အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
စစ်ဆေးရာတွင် မြို့သုံးမြို့အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများကို နမူနာပစ္စည်းရယူ၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်များမှ ဝင်နေသည့် တရုတ်နိုင်ငံထုတ် သရေစာမုန့်များကိုလည်း ခွင့်မပြုဆိုး ဆေးနှင့်မှိုများ ပါဝင်မှုရှိ၊ မရှိ၊ စားသုံးရန် သင့်၊ မသင့်ကိုပါ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် FDA မှ ဌာနခွဲဖွင့်လှစ်ထားပြီး ယင်းဌာနတွင် ဓာတ်ခွဲခန်းငယ် (Mini Lab Laboratory) ထားရှိကာ နယ်စပ်မှဝင်လာသည့် စားသောက်ကုန်ပစ္စည်း အချို့ကို စတင်စစ်ဆေးလျက်ရှိကြောင်း၊ FDA အနေဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးတွင် Mini Lab Laboratory များကို ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးတွင် Mini Lab Laboratory များကို ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ FDA အနေဖြင့် ကုန်သွယ်မှုတိုးမြှင့်ရန် ကုန်သည်လုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရေးနှင့် ကုန်ကျစရိတ်သက်သာရေးအတွက်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်အတွက်လည်းကောင်း၊ နယ်စပ်မှ တရားဝင်တင်သွင်းလာသော အစားအသောက်များကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန်အတွက်လည်းကောင်း၊ နယ်စပ်တွင်သုံးစွဲနေသော ဆေးဝါးများ စစ်မှန်မှု ရှိ၊ မရှိနှင့် အရည်အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန် အတွက်ရည်ရွယ်၍ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဓာတ်ခွဲခန်းငယ်များ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media

No comments:

Post a Comment