Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 8, 2014

လှည်းကူးမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ရေ၀င်နစ်မြုပ်သည့်နေအိမ်များနှင့် ယာဉ်အသွားအလာများအား ရဲတပ်ဖွဲ့မှကူညီဆောင်ရွက်ပေးလျက်ရှိ

 ရန်ကုန်၊ သြဂုတ် ၇

၎.၈.၂၀၁၄ ရက်န့မှ ၅.၈.၂၀၁၄ ရက်နေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး
မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ငွေနံ့သာကျေးရွာနှင့် ဘားလား
ကျေးရွာတို့တွင် ဘားလားချောင်းသစ်မှ ချောင်းရေများမြင့်တက်လာခဲ့သဖြင့်
ကျေးရွာအတွင်းရှိ အိမ်ခြေ(၉၂၂)လုံးသို့ ရေများဝင်ရောက်ခဲ့ရာ ၎င်းတို့ နေထိုင်
စားသောက်စားသောက်ရေး အဆင်ပြေစေရန်အတွက် လှည်းကူးမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်တိုင်းရင်း
ဆေးကုသရေးဌာနမှ ၀န်ထမ်းများ ပါဝင်သည့်အဖွဲ့တို့မှ ဆန်၊ သောက်သုံးရေ၊ ဆပ်ပြာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ဖယောင်းတိုင်နှင့် စားသောက်ဖွယ်ရာများ
ကူညီထောက်ပံ့ပေးအပ်ခဲ့ပါသည်။

၆.၈.၂၀၁၄ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၌ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် ရန်ကုန်-ပဲခူးကားလမ်းမကြီးတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သဖြင့် ယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် ရန်ကုန်-ပဲခူး
လမ်းမကြီး ထောက်ကြန့်လမ်းဆုံမှ အမှတ်(၃)လမ်းဆုံသို့လည်းကောင်း၊ အမှတ်(၃)လမ်းဆုံမှ အမှတ်(၃)လမ်းမကြီးသို့လည်းကောင်း ထောက်ကြန့်
နယ်မြေရဲစခန်းမှူးနှင့် အဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်
များနှင့်ပူးပေါင်းပြီး ယာဉ်များအားလမ်းညွှန်ကာ လမ်းလွှဲပြုလုပ်၍ထိန်းသိမ်းကူညီ
ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police













No comments:

Post a Comment