Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 2, 2014

သားသမီးလေးတွေကို နေ့တိုင်း မေးသင့်တဲ့စကား ( ၄ ) ခွန်း



မိဘတိုင်းဟာသားသမီးတွေကိုထူးချွန်စေချင်ကြပါတယ်။ ဒါပေမဲ့ သားသမီးနဲ့စကားပြောဆက်ဆံရာမှာလည်း ပညာသားပါရင် ပျိုးထောင်တဲ့နေရာမှာ ပိုမိုထိရောက်တတ်ပါတယ်။ သားသမီးထူးချွန်လာဖို့အတွက်ပဲဖြစ်ဖြစ်၊ အကျင့်စာရိတ္တအတွက်ပဲဖြစ်ဖြစ်၊ စိတ်ဓါတ်ရေးရာမြင့်တင်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ကျောင်းဆင်းပြန်လာတဲ့ မိမိရဲ့ရင်သွေးသားသမီးတွေကို မိဘတိုင်းမေးသင့်တဲ့ စကား ( ၄ ) ခွန်းကို အဆင်ပြေသလို ဘာသာပြန်ပြီး တင်ပြဝေငှ လိုက်ရပါတယ်။
အဲဒီစကားများကတော့………………………

၁။ သား(သို့)သမီး ဒီနေ့ကျောင်းမှာ ဘာစိတ်ဝင်စားစရာတွေ ကြုံခဲ့တာလဲ။
=================================================

မေးခွန်းလေးက ရိုးရိုးရှင်းရှင်းလေးပါ။ သားသမီး စိတ်ဝင်စားတဲ့အရာတွေနဲ့ သူတို့ရဲ့ခံစားချက်တွေကို သိဖို့ မေးတဲ့မေးခွန်းလေးဖြစ်တယ်။ တကယ်လို့ ဘာမှစိတ်ဝင်စားစရာမရှိဘူးလို့ဖြေခဲ့ရင်လည်း စိတ်မ၀င်စားရတဲ့ အကြောင်းရင်းကို စုံစမ်းလို့ရသွားတာပေါ့။ သူတို့ရဲ့အဖြေလေးတွေက တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ သင်တဲ့စာအကြောင်းဖြစ်ချင်ဖြစ်မယ်။ အတန်းဖော်သူငယ်ချင်းအကြောင်းတွေဖြစ်ရင်ဖြစ်မယ်။ ဆရာဆရာမ အကြောင်းဖြစ်ရင်ဖြစ်မယ်။ စော့ကစားတဲ့အကြောင်းအရာဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သားသမီးစိတ်ဝင်စားတဲ့အရာ၊ အကောင်းအဆိုးခွဲခြားတဲ့စိတ် စသည်တို့ကို သူတို့ဖြေတဲ့အဖြေလေးတွေကနေပြီးတော့မှ ကောင်းကောင်းစမ်းစစ်လို့ရနိုင်ပါတယ်။

၂။ သား (သို့) သမီး ဒီနေ့ ကျောင်းထဲမှာ ဘာတွေစွမ်းဆောင်နိုင်ခဲ့တာလဲ။
==================================================

ဘာကောင်းမူလေးလုပ်နိုင်ခဲ့တာလဲ ဆိုပြီးမေးတဲ့ပုံစံမျိုးပါ။ အမှန်တော့ အားပေးတဲ့မေးခွန်းလေးပါ။ သူတို့လေးတွေဖြေတဲ့အဖြေတွေကို စိတ်ဝင်တစားနားထောင်ပေးရင်း သူတို့လေးတွေရဲ့ တိုးတက်လာတဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုပေးပါ။ ကလေးတွေ ဖြေးဖြေးနဲ့ စွမ်းဆောင်ရည် မြင့်တက်လာပြီး မိမိကိုယ်မိမိ ယုံကြည်မူ တိုးလာပါလိမ့်မည်။

၃။ ဒီကနေ့ သား (သို့) သမီး ဘာဗဟုသုတအသစ်တွေ တိုးခဲ့တာလဲ။
================================================

ကလေးတွေ ကောင်းကောင်းပြောဆိုရှင်းပြတတ်ဖို့ လေ့ကျင့်ပေးတဲ့ မေးခွန်းလေးပါ။ သူတို့ရှင်းပြတာလေးကို မသိသလိုနေပြီး “ဟုတ်လား” ၊ “အော အဲလိုလား” စသည်ဖြင့် အလိုက်သင့်ပြန်ထူးပေးရင် သူတို့လေးတွေ ပြောရတာ ပိုမိုအားရှိလာတတ်ပါတယ်။ ကလေးရဲ့အရွယ်အလိုက် မိဘကဆွေးနွေးတဲ့နည်းလမ်းကို ရွေးချယ်လို့ရပါတယ်။သူတို့က ဆရာလုပ်ပြီး မိဘကိုရှင်းပြရတော့ သူတို့ကိုသူတို့ ပိုပြီးဂုဏ်ယူတတ်စေပါတယ်။ အတန်းထဲမှာ စိတ်ဝင်တစားနဲ့ ပါဝင်ဖို့ အားပေးရာလည်းရောက်ပါတယ်။

၎။ ဖေဖေမေမေကော ဘာကူညီပေးစရာရှိသေးလဲ
==================================

ဒီမေးခွန်းဟာ အဓိပ္ပါယ်နှစ်ခုကိုသက်ရောက်စေပါတယ်။ ဖေဖေမေမေ မင်းတို့ကိုဂရုစိုက်တယ်၊ ချစ်လည်းချစ်တယ်။ ဒါပေမဲ့ ကြိုးစားရမှာက မင်းတို့ရဲ့တာဝန်ပဲ၊ ဖေဖေမေမေ အနေနဲ့ကူညီပေးလို့ပဲရတယ်။ လုပ်ပေးလို့မရဘူး။ ကိုယ့်တာဝန်ကိုယ်ယူရမယ်ဆိုတဲ့သဘောမျိုးပါ။

ဒီမေးခွန်းတွေကိုနေ့တိုင်းမေးပေးရင် ကလေးတွေက မိဘနေ့တိုင်းမေးမဲ့မေးခွန်းကို သိထားလေတော့ ဖြေဆိုနိုင်ဖို့ ဂရုတစိုက် ပြင်ဆင်လာပါလိမ့်မယ်။ အဲဒီပြင်ဆင်တဲ့ကာလအတောအတွင်းမှာပဲ ကလေးတွေဟာသိသိသာသာ တိုးတက်လာတာကိုတွေ့ကြရမှာပါ။
မိဘများအတွက် အသုံးဝင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ သားသမီးတွေနဲ့ အတူကြီးပြင်းရတဲ့ အတွေ့အကြုံဟာ ဘ၀ထဲမှာ အကောင်းဆုံးတွေ့အကြုံလို့ မဆိုနိုင်ပေမဲ့ အပျော်ရွှင်ဆုံးအတွေ့အကြုံထဲမှာတော့ တစ်ခုအပါအ၀င်လို့ ယူဆမိပါကြောင်းတင်ပြလိုက်ရပါတယ်။

Aung Ko Latt

No comments:

Post a Comment