Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 7, 2014

လှည်းကူးမြို့နယ်အတွင်းရှိ ရေ၀င်ရောက်သည့်ကျေးရွာများတွင် ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်


လှည်းကူးမြို့နယ်အတွင်းရှိ ရေ၀င်ရောက်သည့်ကျေးရွာများတွင် ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ သြဂုတ် ၇
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းမှ ၅ ရက်နေ့ နေ့လယ်ပိုင်းအထိ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ဘားလားချောင်းသစ်မှရေလျှံတက်မှုကြောင့် ငွေနံ့သာကျေးရွာနှင့် ဘားလားကျေးရွာတို့ရှိ လူနေအိမ်များသို့ ရေအမြင့်(၂)ပေခွဲခန့်အထိမြင့်တက်ကာ ကျေးရွာလမ်းမကြီးပေါ်တွင် အမြင့်(၁)ပေကျော်ခန့်အထိ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါကျေးရွာ များသို့ လှည်းကူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော အဖွဲ့က လိုအပ်သော ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ဆန်(၅၀)အိတ်၊ ရေသန့်ပါကင် (၉၀၀)၊ စားအုန်းဆီ(၁၀၀)ပိဿာ၊ ခေါက်ဆွဲခြောက်(၅၀၀)ဖာ၊ ဖယောင်းတိုင်/အမွှေးတိုင်(၁၂၀)ထုပ်၊ မုန့်ကြွပ်(၂၀၀၀)ထုပ်နှင့် ဆပ်ပြာတောင့်များ လှူဒါန်းခဲ့သည်။ ထို့နောက် လှည်းကူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များက ရေ၀င်ရောက်သည့်နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများနှင့် ငွေနံ့သာကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသုံးပရိဘောဂပစ္စည်းများအား ရေလွတ်ရာသို့ ကူညီရွှေ့ပြောင်း သယ်ဆောင်ပေးခဲ့ပြီး လုံခြုံရေးနှင့် အခြားလိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment