Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 7, 2014

ဗုဒ္ဓဆင်းတုတော်မှ ဆံတော်နှင့် မွှေးညှင်းတော်များ ထွက်ရှိ

budd

ရွှေဘိုမြို့ အမှတ်(၂)ရပ် ရန်ကြီးအောင်လမ်း (ရေဦးလမ်း) မှာရှိတဲ့ ကိုစိုးကြည်+မခင်မာကြည် (ဝါးကပ်ရောင်း ဝယ်ရေးနဲ့ ကွန်ကရစ် လုပ်ငန်း) နေအိမ်မှာ ဗုဒ္ဓဆင်း တုတော်နှစ်ဆူမှ ဆံတော်နှင့် မွှေးညှင်းတော်များ ထွက်ရှိနေပါတယ်။ ဗုဒ္ဓဆင်းတုတော် နှစ်ဆူမှာ ဆံတော်နှင့် မွှေးညှင်းတော် ထွက်ရှိနေတဲ့ အနက် မှိုကိုးပွင့် ဗုဒ္ဓဆင်း တုတော်မှာ သိသိသာသာကို ဖူးမျှော်တွေ့ရှိ ရပါတယ်။
ကျနော်တို့ ရွှေဘိုမြို့မှာ ထူးထူးခြားခြား ဖြစ်ပေါ်နေ တာကတော့ အိမ်သုံးအိမ်မှ ဗုဒ္ဓဆင်းတုတော်များမှာ ဆံတော်နဲ့ မွှေးညှင်းတော်များ ထွက်ရှိနေတာကို ထူးခြားစွာတွေ့ရှိ ရပါတယ်။ ဗုဒ္ဓဆင်း တုတော်များမှ ဆံတော်နဲ့ မွှေးညှင်း တော်များ တွေ့ရှိရတဲ့ အနက်မှ ကိုစိုးကြည်+မခင်မာကြည် တို့အိမ်မှတွေ့ရှိ ဖူးမျှော်ရသော မှိုကိုးပွင့် ဗုဒ္ဓဆင်းတုတော်မှ ဆံတော်နဲ့ မွှေးညှင်းတော်များ များပြားစွာ ထွက်ရှိနေတာကို အံ့သြဖွယ် ဖူးမျှော်တွေ့ ရှိ ရပါတယ်။ ထိုမှိုကိုးပွင့် ဗုဒ္ဓဆင်းတုတော် အကြောင်းကိုလဲ ကိုစိုးကြည်+မခင်မာကြည် တို့မှ ယခုလို ပြောပြထား ပါတယ်။
“အိမ်ဆောက်ရန် အိမ်ကွင်းရှင်းတာ မြေညှိတဲ့ လုပ်သား တစ်ယောက်က ဘုရားဆင်းတုတော် လေးတွေ့ပြီး လက်ထဲမှာ ဆော့ကစားနေတာ ကိုမြင်လိုက် တာနဲ့ ဟေ့ကောင်လေး မင်းလက်ထဲက ဘုရားဆင်း တုတော်လေးမလား ဘုရားဆင်း တုတော်ကို အဲလို မဆော့ရ ဘူးဟ ပေးပေး ဆိုပြီး ယူကာရေ သပ္ပါယ်ပြီး ဘုရားစဉ်မှာ ကိုးကွယ် ထားတာ “လို့ပြောပြ ပါတယ်။
မှိုကိုးပွင့် ဗုဒ္ဓဆင်းတုတော်ဟာ ရှေးဟောင်း ဆင်းတုတော် တစ်ဆူ ဖြစ်တယ်လို့လဲ ကိုစိုးကြည်မှ ဆက်လက်ပြောကြား ပါတယ်။ ကိုစိုးကြည်+မခင်မာကြည်တို့ အိမ်မှာတော့ အနီးနား ပတ်ဝန်းကျင်နှင့် နယ်မှ လာရောက်သော ဘုရားဖူးများနဲ့ စည်ကားလို့ နေပါတော့တယ်။ ကိုစိုးကြည်+မခင်မာကြည်တို့ အိမ်နည်းတူ ဗုဒ္ဓဆင်း တုတော် များများမှာ ဆံတော်နဲ့ မွှေးညှင်းတော် ပေါက်နေတဲ့ အခြားအိမ်နှစ် အိမ်မှာလဲ ဘုရားဖူးများနဲ့ စည်ကားနေတာ တွေ့ရှိရပါတယ်။
Ref – ဘိုဘိုဟန်
yoyarlay

No comments:

Post a Comment