Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 14, 2014

အိပ်ရင်းဟောက်နေကြသူများ အတွက် အဟောက်ရပ်သော မေးရိုးပင့်သိုင်းကြိုးကို အရှေ့ဗာဂျီးနီးယားဆေးတက္ကသိုလ်က အောင်မြင်စွာတီထွင်



အိပ်ရင်းဟောက်နေကြသူများကြောင့်စိတ်အနှောက်အယှက်ဖြစ်ကြသူများ
အတွက် အဟောက်ရပ်သော မေးရိုးပင့်သိုင်းကြိုးကို
အရှေ့ဗာဂျီးနီးယားဆေးတက္ကသိုလ်က အောင်မြင်စွာတီထွင်
=============================================

ညတိုင်းညတိုင်း ကိုယ့်ဘေးမှာဟောက်တတ်သူကြောင့်အိပ်ပျက်ညတွေကို စိတ်ပျက်ပျက်နဲ့ဖြတ်သန်းနေကြ ရသူတွေအများကြီးပါ။အမေရိကန်ပြည်ထောင်စုမှာတင် ဒီလိုအိပ်ရင်းဟောက်တတ်သူတွေ တစ်နည်း မူမမှန် အိပ်စက်ကြသူတွေ ၁၈သန်းလောက်ရှိတယ်လို့ဆိုပါတယ်။အိပ်ရင်းဘာကြောင့်ဟောက်သလဲဆိုတော့ အိပ် တဲ့အခါ ပါးစပ်၊မေးရိုးနဲ့လည်ချောင်းက ကြွက်သားတွေဟာ ပျော့ကျသွားပြီး အသက်ရှုလမ်းကြောင်းကို သွားပိတ်ဆို့ပါတယ်။အဲဒီအခါ အသက်ရှုလမ်းကြောင်းကျဉ်းသွားပြီး တုန်ခါမှုဖြစ်ပြီးအသံထွက်လာပါ တယ်။အဲဒါကို ဟောက်တယ်လို့သိကြပါတယ်။
အရှေ့ဗာဂျီးနီးယားဆေးတက္ကသိုလ်ရဲ့ အိပ်ဆေးဌာနက သုတေသနပြုပြီး တီထွင်မှုတစ်ခုလုပ်ခဲ့ပါတယ်။အဲဒါကတော့ မေးကိုသိုင်းလိုက်တဲ့နူးညံ့တဲ့အ၀တ်တစ်ခု ပဲဖြစ်ပါတယ်။အဲဒီလိုသိုင်းလိုက်တဲ့အခါ မေးရိုးနဲ့လျှာတို့ဟမသွားတော့ဘဲ အသက်ရှုလမ်းကြောင်းပိတ်ဆို့မှုမဖြစ်စေတော့ဘူးလို့ဆိုပါတယ်။အဲဒီလိုမပိတ်ဆို့တဲ့အတွက် ဟောက်သံမကြားရတော့ပါဘူး။စမ်းသပ်မှုဟာအောင်မြင်တယ်လို့ ပြောပါတယ်။အဲဒီသိုင်းကြိုးကလေးကို ဒေါ်လာ၁၁၀ခန့်နဲ့ရောင်းနေပြီလို့ onlinehealth.wikiမှာရေးထားတာကိုပြန်လည်ဖောက်သည်ချရပါတယ်။


No comments:

Post a Comment