Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 24, 2014

ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းကိုးမျိုး သုံးစွဲရန်မသင့်ကြောင်း ကြေညာ

ထိုင်းနိုင်ငံထုတ် အလှ ကုန်ပစ္စည်းကိုးမျိုး၌ ဘေးအန္တ ရာယ်ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေ၍ သုံး စွဲရန်မသင့်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက သြဂုတ် ၂၂ ရက် တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
 အဆိုပါ မှတ်ပုံမတင်ထား သည့် အလှကုန်ပစ္စည်း ကိုးမျိုးမှာ ဈေးကွက်တွင်း ရောင်းချနေ သော ပစ္စည်းများဖြစ်ပြီး ကျန်းမာ ရေး ၀န်ကြီးဌာနက စစ်ဆေးရာ ယင်းတို့တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် Mercury၊ Retinoic Acid ကဲ့သို့ တားမြစ်ဓာတုပစ္စည်းများနှင့် Betamethasone 17-Valerate (ယားနာလိမ်းဆေး)၊ Hydroqui-none(မျက်နှာအရေးအကြောင်း ပျောက်ဆေး)များ ပါဝင်နေခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါ ဓာတု ပစ္စည်းများပါဝင်သည့် အလှကုန် ပစ္စည်းများကို အလှကုန်ဟု သတ်မှတ်၍ မရကြောင်းနှင့် အဆိုပါပစ္စည်းများကို သုံးစွဲမည်ဆိုပါက ဆရာဝန်၏ ညွှန်ကြားချက်ယူပြီးမှ သုံးစွဲသင့်သည်ဟု အရေပြားဆရာဝန်ကြီး ဒေါက်တာ စိုးဝင်းဦးက ဆိုသည်။
 ‘‘နိုင်ငံခြားမှာ အလှကုန် ၀ယ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ ၀ယ်တာရှိတယ်။ ဒီမှာသာ ဒီအ တိုင်း ၀ယ်နေကြတယ်။ ဆေးပါ ရင် အလှကုန်လို့ မသတ်မှတ် တော့ဘူး။ အလှကုန်ထဲမှာ ဆေး ပါဝင်နှုန်းကို ရာခိုင်နှုန်းနဲ့ ခွင့်ပြု ထားတာ ရှိတယ်။ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းဆိုပြီးတော့။ အဲဒီ ထက်ပိုပြီး လေးရာခိုင်နှုန်းလောက် ပါတယ်ဆိုရင် ဆရာဝန်ညွှန်ကြား ချက်အတိုင်း သုံးစွဲသင့်တယ်။ နိုင်ငံတော်အနေနဲ့ကလည်း FDA ထောက်ခံချက်မရှိရင် မသုံးစွဲရ လို့ စည်းကမ်းချက်ထားရှိပြီး ကြပ် မတ်သင့်ပါတယ်’’ ဟု ၎င်းက အ ကြံပြုပြောကြားသည်။
သို့သော် အဆိုပါ အလှကုန် ပစ္စည်းများကို ပြည်တွင်းဈေး ကွက်များ၌ ရောင်းချနေဆဲဖြစ် ကြောင်း  စစ်ဆေးတွေ့ရှိရ ကြောင်း၊  ထို့ကြောင့် ယင်းတို့ကို အများပြည်သူ သုံးစွဲခြင်း မပြုကြ ရန်နှင့် တင်သွင်းရောင်းချ ဖြန့်ဖြူး သူများ တွေ့ရှိပါကလည်း ပြည် သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ  ကြေညာချက်ထုတ်ပြန်ထား သည်။
ယင်းအလှကုန်ပစ္စည်းများ မှာ Mellano-Cream No.1 and Night Cream No.2, Mellano- Facial Nourishing Cream No. 3 ,  Polla  Platinum-Crystal White  Nourishing Face Cream, Polla Gold Super White Perfects Cream, Polla- Anti-Melasma Cream (New Night Cream), Nineteen Nano Nano 19-Whitening Nano Night Repair Cream, Bashi-Day Cream (Whitening Cream) and Night Cream တို့ ဖြစ်သည်။
7Day Daily

No comments:

Post a Comment