Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 7, 2014

ပြတ်သွားသော်လည်း အချိန်မှီလို့ ပြန်ဆက်လို့ ရသွားသတဲ့



ရုတ်တရက် ပြတ်သွားတဲ့ လက်ချောင်းတို့ နားတို့ကို ပြန်ကောက်ပြီး သူ့နေရာအတိုင်းပြန် ကိုင် နီးစပ်ရာ ဆေးရုံကို သွားပြီး ကုသရင် ကံကောင်းပြီး ပြန်ဆက်သွားနိုင်တယ်လို့ ကြားဖူးခဲ့ပါတယ်။ အဲ့ဒါ အမှန်ဖြစ်ကြောင်းကို တရုတ်ပြည်က အမျိုးသားတစ်ဦး သက်သေပြလိုက် ပါပြီ။

တရုတ်ပြည်တေင်ပိုင်း Zuhai မြို့ငယ်လေးမှာ နေထိုင်တဲ့ Yang လို့ အမည်ရတဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ အိမ်နီးချင်းနဲ့ စကားပြောနေတုန်း အိမ်နီးချင်းရဲ့ ခွေးက အမှတ်မထင်ပဲ ကိုက်လိုက်ပါတယ်။ လက်တော့ မဟုတ်ပါဘူး။ အမျိုးသားတွေမှာသာ ရှိတဲ့ အစိတ်အပိုင်း တစ်ခုကိုပါ။ လုံးဝ ပျက်ထွက်သွားပေမယ့် ဆေးရုံပြန်သွားပြီး ကုလိုက်တော့ ပြန်ဆက်သွားပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သူဆေးရုံ လောက်လာချိန် သွေးပူပူနဲ့ သွေးထွက်နေတဲ့ နေရာကနေ ဆက်ပြီးတော့ ကိုင်ထားပေးပြီး ရောက်လာတာကြောင့် ဆရာဝန်များကလည်း အချိန်မကြာပဲ ကုသမှု ပြုလုပ် ပေးပါတယ်။ ချုပ်သင့်တာချုပ်၊ ဆေးထည့်သင့်တာထည့်ပြီး ရက်အနည်းငယ် ကြာတော့ အံ့သြစွာပဲ နဂိုမူလ က ရှိခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလိုပဲ ပြန်ရရှိသွား ပါတယ်။

ရယ်ရလည်းခက်၊ ငိုရလည်းခက်၊ ပြောရမှာလည်း ရှက်စရာ ဖြစ်တဲ့ Yang ရဲ့ အဖြစ်ဟာ ဘဝမှာ မနေ့နိုင်စရာ ဖြစ်ရပ်ကလေးတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ သတင်း အသေးစိတ် ကတော့ http://www.dailymail.co.uk/news/article-2713173/Man-penis-reattached-bitten-door-neighbours-pet-mastiff.html

 
 မှာ ဖော်ပြ ထားပါတယ်။

Ref : dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment