Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 21, 2014

မိုးခြိမ်းသံကြောင့် နှလုံးသွေးရပ်ကာ ထွေအုပ်ဒု-ဦးစီးမှူး သေဆုံး


မိုးခြိမ်းသံကြောင့် နှလုံးသွေးရပ်တန့်ကာ တိုင်းထွေအုပ်ဌာန ဒု-ဦးစီးမှူး တစ်ယောက် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းပြာလမ်းတွင် သြဂုတ် ၂၀ ရက်၊ နံနက် ၉ နာရီအချိန် ၀န်းကျင်ခန့်က ဖြစ်ခဲ့သည်ဟု မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ဆိုသည်။

စစ်ကိုင်းတိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဒု-ဦးစီး တာဝန်ထမ်းဆောင်နေသည့် အသက် (၂၈)နှစ် အရွယ်ရှိသူသည် ၎င်း၏ နေအိမ်ခြံဝန်းအတွင်းရှိ အိမ်သာမှ ပြန်လာချိန်တွင် မိုးခြိမ်းသံများကြောင့် နှလုံးသွေးရပ်တန့်ကာ ထိုနေရာ၌ သေဆုံးသွားခြင်းဖြစ်သည်ဟု မှုခင်းဆေးစာ မှတ်တမ်းတွင် ဖော်ပြထားသည်။

“အစကတော့ မိုးကြိုးပစ်တဲ့အချိန်မှာ သေဆုံးသွားခဲ့တာကြောင့် မိုးကြိုးမှန်ပြီး သေတယ်လို့ ထင်မြင်ခဲ့ကြတယ်။ မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ မိုးခြိမ်းသံကြောင့် နှလုံးသွေး ရပ်တန့်ပြီး သေဆုံးခဲ့ရတာလို့ ဆေးစာ အဖြေထွက်လာခဲ့ပါတယ်” ဟု မုံရွာမြို့မရဲစခန်း ဒုတိယရဲစခန်းမှူး ရဲအုပ်အောင်ဌေးက သေဆုံးရခြင်းကို ရှင်းလင်းခဲ့သည်။

အဆိုပါ လူသေဆုံးရခြင်းနှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်းရှိ ဒု-ရဲအုပ် စည်သူအောင်က မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၅/ ၂၀၁၄ အရ ဆောင်ရွက်လျက်ရှိသည်။

Mizzima

No comments:

Post a Comment