Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်ပြိုင်ဆိုင်မှု ပိုမိုခက်ခဲမည်



သိပံ္ပနှင့် နည်းပညာဝန် ကြီးဌာနလက်အောက်ရှိ လေ ကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ နည်းပညာတက္က သိုလ်များနှင့် ကွန်ပျူတာတက္က သိုလ်များဝင်ခွင့် ကျောင်းသား ဦးရေ ရှစ်ထောင်ကျော် ထပ်မံ လျှော့ချသွားမည် ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် အချက်အလက်များအရ သိရသည်။

အထူးသဖြင့်နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် ကျောင်းသား အများအပြား လျှော့ချလက်ခံ သွားမည်ဖြစ်ပြီး ယင်းတက္ကသိုလ် ၀င်ခွင့်များအတွက် ယခင်နှစ် ထက်ပြိုင်ဆိုင်မှုပိုမိုပြင်းထန်မည် ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်များ တွင် ယခင်နှစ်က ကျောင်းသား ၅၂၄၀ ဦး လက်ခံခဲ့သော်လည်း ယခုနှစ်၊ ကျောင်းသား ၃၂၈၀ ဦး လက်ခံမည်ဖြစ်သည်။ ယခင်နှစ် က နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များ တွင် ကျောင်းသား စုစုပေါင်း ၁၁၆၅၀ ဦးအထိ လက်ခံခဲ့သော် လည်း ယခုနှစ် နည်းပညာတက္က သိုလ်များတွင် ကျောင်းသား ၅၀၈၀ ဦးအထိသာ ၀င်ခွင့်လက်ခံ မည်ဖြစ်သည်။

မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ယခင်နှစ်က ကျောင်းသား ၁၅၀ ဦးလက်ခံခဲ့ သော်လည်း ယခုနှစ်တွင် ကျောင်း သား ၁၄၀ ဦးလက်ခံမည်ဖြစ်ပြီး ယခင်နှစ်က နည်းပညာတက္က သိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး) တွင် ကျောင်းသား ၂၅၀ ဦး လက် ခံခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသား ၂၁၀ ဦးလက်ခံသွား မည်ဖြစ်ကြောင်း တက္ကသိုလ် ၀င် ခွင့်လမ်းညွှန်တွင် ဖော်ပြထား သည်။

‘‘အစိုးရသစ်တက်ပြီးနောက် ပိုင်း သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနအောက်က တက္ကသိုလ်ဝင်ခွင့်လက်ခံတဲ့ ကျောင်းသားဦးရေ နှစ် စဉ်လျှော့ချနေတာပါ။ အရေအ တွကထက် အရည်အသွေးပြည့် တဲ့ ပညာရေးဆီကိုသွားဖို့ ဆောင် ရွက်နေပါတယ်’’ဟု သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

ရန်ကုန် နည်းပညာတက္က သိုလ်သည် ယခင်နှစ်အတိုင်း ကျောင်းသား ၃၀၀ ဦး ၀င်ခွင့် လက်ခံသွားမည်ဖြစ်ပြီး မန္တလေး နည်းပညာ တက္ကသိုလ်သည် ယခင်နှစ်က လက်ခံခဲ့သောကျောင်းသား ၂၅၀ ဦးထက် တိုးမြှင့်၍ ၃၀၀ ဦးလက်ခံမည်ဖြစ်သည်။

သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနသည် လာမည့်ပညာသင်နှစ် မှစတင်၍ နည်းပညာတက္ကသိုလ် များတွင် အင်ဂျင်နီယာဘွဲ့ (B.E) တိုက်ရိုက် ပေးအပ်မည်ဖြစ်ပြီး နည်းပညာဘွဲ့(B.Tech) ပေး သော စနစ်ကို ဖျက်သိမ်းလိုက် သည်။ သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနသည် အစိုးရသစ်တက်လာ ချိန်ဖြစ်သော ၂၀၁၂ ခုနှစ်တွင် ကျောင်းသား ၁၃၀၀၀ ကျော်အား ၀င်ခွင့်လျှော့ချလက်ခံခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကျောင်းသား ၅၀၀၀ ကျော် ထပ်မံလျှော့ချခဲ့ကာ ယခုနှစ်တွင် ကျောင်းသား ရှစ်ထောင်ကျော်လျှော့ချလက်ခံရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များတွင် နှစ်စဉ်ကျောင်းသားဝင်ခွင့်လျှော့ ချနေခြင်းကြောင့် ပညာရေးဝန် ကြီးဌာနအောက်ရှိ ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ်များနှင့် အဝေးသင် တက္ကသိုလ်များတွင် ကျောင်း သားဦးရေ မြင့်တက်လာလျက်ရှိ သည်။

7 Day

No comments:

Post a Comment