Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 15, 2014

AGD ဘဏ်ရှယ်ယာကိစ္စ သဘောတူညီပြီးဟု ဦးနေဝင်းမိသားစု ပြန်တုံ့ပြန်


ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး(AGD) ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင် နှုန်းကို ဦးနေဝင်းမိသားစုထံ ရောင်းချမည့်ကိစ္စကို ဦးတေဇက ပြန်လည်သုံးသပ်မည်ဟု ဆိုခြင်းသည် မီဒီယာများဘက်မှ နားလည်မှု လွဲမှားခြင်းသာဖြစ် ပြီး ဘဏ်ရှယ်ယာများ ဝယ်ယူရန်သဘော တူညီထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ကြီးဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောဆိုသည်။

AGD ဘဏ်၏ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဦးနေဝင်း၏ မိသားစုထံသို့ရောင်းချမည့်ကိစ္စကို ဦးတေဇမှ ပြန်လည် သုံးသပ်မည်ဆိုသည်မှာ ဦးတေဇ၏အပြော ကို နားလည်မှုလွဲနေခြင်းသာဖြစ်ကြောင်း၊ မိမိတို့ အချင်းချင်းကြားတွင် ပြောဆိုထားသည်များနှင့် ကြည့်မည်ဆိုလျှင် ပြန်သုံးသပ်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ မည်သို့ သုံးသပ်မည်ဆိုသည်ကို ဦးတေဇကိုသာ ပြန်မေးလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဦးအေးနေဝင်းက ဆိုသည်။

“အမှန်တိုင်းပြောရရင် ဒါကကျနော်တို့ အချင်းချင်းပြောထားတာနဲ့ဆို မဟုတ်ဘူးလို့ ပြောမယ်။ သူဖြေတာကို နားလည်မှုလွဲတာဗျ။ ကျနော်တို့ဘက်က ဘဏ်ကိစ္စကို သူတို့နဲ့ အားလုံးပြောပြီးသားပါ” ဟု ဦးအေးနေဝင်းက ရှင်းလင်းပြောဆိုသည်။

ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇပိုင် အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ်၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မိသားစုထံသို့ ရောင်းချမည့်ကိစ္စကို ပြန်လည်စဉ်းစား သုံးသပ်နေကြောင်း ဦးတေဇက ဩဂုတ်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပသည့် UMFCCI ၏ ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘဏ် အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းတော့ ရောင်းမှာပဲ။ ဒါပေမယ့် အချိန်အခါ ကြည့်ပြီးတော့ ပြန်စဉ်းစား တယ်ကွ။ ဒါပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘယ်သူမှမထိခိုက်စေချင်ဘူး” ဟု ဦးတေဇက ပြောသည်။

AGD ဘဏ်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်း ကျော်ကိုရောင်းချရန် ရှိသည်မှာ မှန်သော်လည်း ဦးနေဝင်း၏ မြေးများထံသို့ ယခု ရောင်းချထား သည်မှာ ၁၅ ရာခိုင်နှုန်းသာဖြစ်ကြောင်း၊ ထိုပမာဏအတွက် ငွေပင်မ ချေရသေးသည့် အနေအထားဖြစ်ကြောင်း သိရသည်။

ဦးတေဇက AGD ဘဏ်ရှယ်ယာ ၆၀ ရာခိုင် နှုန်းအထိ ရောင်းချရန် စဉ်းစားဖြစ်ခဲ့ရခြင်းမှာ ၎င်းအပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ရှိနေသည့် အခြေအနေနှင့် သက်ဆိုင်ကြောင်း၊ ထို့ပြင် ရှယ်ယာ ဝယ်ယူ မည်ဖြစ်သော ဦးနေဝင်းမြေးများ နှင့် ချိတ်ဆက်သည့် ကုမ္ပဏီ၏ နိုင်ငံတကာ ဝင်ဆန့်မှု အခြေအနေနှင့်လည်း သက်ဆိုင်ကြောင်းပြောသည်။

“နိုင်ငံခြားဘဏ်တွေလာကြတယ်။ နိုင်ငံရေး ပိတ်ဆို့မှုကြောင့် ကိုယ်တို့ဘဏ်က Master Card ဆိုလည်း နောက်ဆုံးမှ လုပ်ရတယ်။ ဘာပဲလုပ်လုပ် နောက်ကျမှ ရတယ်။ လာတဲ့အချိန်ကျလည်း ကိုယ်တို့နဲ့ Warmly မရှိဘူး။ ရောင်းမယ်လို့ ဆုံးဖြတ်တဲ့ အကြောင်းက အစောကအကြောင်းတွေလည်းပါ တာပေါ့။ နောက်ပြီးတော့ Capital ပါလာပါတယ်။ ၄ ဒသမ ၉ ဘီလီယံလောက်ရှိတယ်။ အဲ့ကုမ္ပဏီကို ပြန်ကြည့်တော့လည်း နိုင်ငံပေါင်း ၁၀ဝ ကို ငွေကြေး Support လုပ်နေတဲ့ ကုမ္ပဏီကြီးပါ” ဟု ပြောသည်။

ဦးနေဝင်း၏မြေးများနှင့် ချိတ်ဆက် လုပ်ကိုင် မည့် ကုမ္ပဏီသည် တရုတ်နိုင်ငံမှChina National Corporation for Overseas Economic Cooporation (CCOEC) ကုမ္ပဏီဖြစ်ပြီး အမေရိ ကန် ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့သည်ဟု ဦးနေဝင်း၏ မြေးအကြီးဆုံး ဖြစ်သူ ဦးအေးနေဝင်းက ဧရာဝတီသို့ ပြောကြားခဲ့ သည်။

Irrawaddy

No comments:

Post a Comment