Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

AGD ဘဏ် အစုရှယ်ယာများကို ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ထုတ်ရောင်းမည်ဟု ဦးတေဇပြော


Wednesday, August 13, 2014

အာရှစိန်းလန်းမှု ဖွံ့ဖြိုး ရေးဘဏ် လီမိတက် AGD ဘဏ် က ဘဏ်ရှယ်ယာ များကို ၆၀ ရာခိုင်နှုန်းထိ ထုတ်ရောင်းချသွား မည်ဟု AGD ဘဏ်ဥက္ကဋ္ဌ ဦးတေဇက ပြောကြားသည်။

လက်ရှိတွင် AGD ဘဏ်က ၎င်းတို့၏ ရှယ်ယာများထဲမှ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ရောင်းချပြီးဖြစ်ကြောင်း၎င်းက ပြောသည်။

‘‘ဥပဒေအရ ရှယ်ယာရောင်း ခွင့်ရတဲ့ ဘဏ်ဖြစ်ပါတယ်။ ရောင်း မယ်ဆိုလည်း ဗဟိုဘဏ်ကို တင် ပြီး တရားဝင်လုပ်မှာပါ။ ၆၀ ရာ ခိုင်နှုန်းတော့ ရောင်းမှာပဲ။ ဒါပေမဲ့ အခြေအနေ၊ အချိန်အခါကိုကြည့် ပြီးတော့ ပြုလုပ်သွားမှာပါ’’ဟု ဦးတေဇက ဆက်လက်ပြောသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာခိုင် နှုန်းကို ဦးနေ၀င်း၏မြေး၊ ဦးကျော် နေ၀င်းနှင့် မီကိုကွေကာ လုပ်ငန်း ရှင်အပါအ၀င် စုစုပေါင်း လုပ်ငန်း ရှင်လေးဦးကို ရောင်းချခြင်းဖြစ် ကြောင်း ဘဏ်ဘက်က ပြောဆို နေသော်လည်း ကာယကံရှင်ဦး ကျော်နေ၀င်းဘက်ကမူ ၆၀ ရာခိုင်နှုန်းအထိ ၀ယ်ယူထားပြီးဖြစ် ကြောင်းပြောဆိုနေသည်။

‘‘Commitment က Com-mitment ပဲ။ မကျေနပ်ရင် သူတို့ ဘက်ကလဲ သက်သေနဲ့ တရားရုံး တင်လည်း အဆင်သင့်ပဲ။ သက် သေနဲ့ ပြောလိုက်တာ မကောင်း ဘူးလား။ ငွေလည်း Scanning လုပ်ပြီးသား ဖြစ်သွားတာပေါ့။ အခုလည်း ကိုယ့်ဆီပိုက်ဆံမှ မရောက်သေးတာ’’ ဦးတေဇက UMFCCI နှစ်ပတ်လည်ပွဲတွင် မီဒီယာများအား ပြောကြားသွားသည်။

AGD ဘဏ်တွင် စုစုပေါင်း အစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာ ကိုးသောင်း ကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ဘဏ်က ထုတ်ဖော်ပြောကြားထားသည်။

7 Day Daily 

AGD ဘဏ်ဥက္ကဋ္ဌ ဦးတေဇ (ဓာတ်ပုံ − ဦးတေဇဖေ့စ်ဘွတ်ခ်)

No comments:

Post a Comment