Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 3, 2014

မျက်တောင်တစ်ခတ်အတွင်း 1GB ဇာတ်ကားတစ်ကား download လုပ်နိုင်ပြီ



ကမ္ဘာ့အမြန်ဆုံး အလင်းသယ်ဆောင်မျှင် (optical fiber)ကို ဒိန်းမတ်နည်းပညာတက္ကသိုလ် (DTU)က သုတေသီတွေ ဖန်တီးနိုင်ခဲ့တဲ့အတွက် မျက်တောင်တစ်ခတ်အတွင်း 1GB( gigabyte)ရှိတဲ့ အချက်အလက်တွေကို download လုပ်နိုင်တော့မယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။ (DTU)က ပညာရှင်တွေ ဖန်တီးခဲ့တဲ့ အလင်းသယ်ဆောင်မျှင်ဟာ တစ်စက္ကန့်ကို 43 terabits ပို့ဆောင်နိုင်စွမ်းရှိပါတယ်။ 43 terabits ဆိုတာ 5375 gigabytes နဲ့ ညီမျှလို့ 0.002 စက္ကန့်အတွင်း 1GB( gigabyte) ဇာတ်ကားတစ်ကား ကူးယူနိုင်မှာ ဖြစ်ပါတယ်။

သာမန် optical fiber တွေက အူတိုင်တစ်ခုတည်းနဲ့ အလင်းသယ်ဆောင်ပေမယ့် (DTU) က ပညာရှင်တွေ ထုတ်လုပ်ခဲ့တဲ့ optical fiber ကတော့ အလင်းသယ်ဆောင်နိုင်တဲ့ ဖန်သားမျှင် (၇)မျှင် ပါဝင်နေတာကြောင့် ပို့ဆောင်မှုနှုန်း ပိုအားကောင်းပါတယ်။ (DTU) ဟာ ၂၀၀၉ခုနှစ်ကတည်းက မြန်နှုန်းမြင့် အလင်းမျှင် ထုတ်လုပ်ဖို့ ကြိုးစားခဲ့ပြီး လက်ရှိ သူတို့ရဲ့ ဖန်တီးမှုကတော့ optical fiber တစ်ခုတည်းက တစ်စက္ကန့်ကို 26 terabits ကူးယူပေးနိုင်စွမ်းရှိတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

@z (ရိုးရာလေး)

No comments:

Post a Comment