Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 9, 2014

Website တစ်ခု စလုပ်တော့မယ် ဆိုရင်

Website တစ်ခု စလုပ်တော့မယ် ဆိုရင်
မေး။ ဟေ့လူ ကျွန်တော့် အလုပ်အတွက် ဝဘ်ဆိုဒ် တစ်ခုလောက် လုပ်ချင်လို့ဗျ။
ဖြေ။ ဝဘ်ဆိုဒ် လုပ်မယ်ဆိုတာတော့ ကောင်းတယ်ဗျ၊ ဝဘ်ဆိုဒ် လုပ်တဲ့ ကုမ္ပဏီကို အပ်လိုက်ရင်ပြီိးပါတယ်၊ ဒါပေမယ့် ခင်ဗျား အလုပ်မအပ်ခင် သိထားသင့်တာလေး တချို့တော့ ရှိတယ်ဗျ။ ဆရာလုပ်တယ်လို့တော့ မထင်နဲ့ဗျ။ ကျွန်တော် နည်းနည်း ပြောပြချင်တယ်။
မေး။ ခင်ဗျားကလဲ ပြောစမ်းပါဗျာ၊ သိချင်လို့ ခင်ဗျားကို မေးတာပဲ ဥစ္စာ။
ဖြေ။ ဒီလိုဗျ ပထမဆုံး အချက်ကတော့ ဝဘ်ဆိုဒ် အတွက် ဒိုမိန်းနိမ်း (Domain Name) ခင်ဗျ၊ ဒိုမိန်းနိမ်း ဆိုတာက ရှင်းရှင်း ပြောရရင် အင်တာနက်ပေါ်က ခင်ဗျားလုပ်ငန်းရဲ့ ဆိုင်းဘုတ်ပဲခင်ဗျ။ ဥပမာ ခင်ဗျား လုပ်ငန်းက မောင်မောင် ကား ရှိုးရွမ်း ဆိုရင် (mgmgshowroom.com) ဆိုတာမျိုးပေါ့ဗျာ။ အဲဒီတော့ ခင်ဗျား လုပ်ငန်းလို့ တွေ့လိုက်တာနဲ့ သိသာနိုင်တဲ့ နာမည်မျိုးဖြစ်သင့်တာပေါ့ဗျာ။ အရေးကြီိးတဲ့ ကိစ္စ တစ်ခုရှိသေးတယ်ဗျ။၊ အဲဒါက ခင်ဗျားအနေနဲ့ ဘယ်ကုမ္ပဏီမှာ အလုပ်အပ်သည် ဖြစ်စေ ခင်ဗျားရဲ့ ဒိုမိန်းနာမည်ဟာ ခင်ဗျားရဲ့ အပိုင် ဖြစ်ကို ဖြစ်စေရမယ်။ တကယ်တမ်း အင်တာနက်ရဲ့ ဥပဒေ အရကလဲ ဒိုမိန်းနိမ်း ဆိုတာက ဒိုမိန်းနိမ်းကို အသုံးပြုတဲ့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုပဲဗျ။ ဥပမာဗျာ ခင်ဗျားလုပ်ငန်းရဲ့ ဆိုင်းဘုတ်ကို ခင်ဗျား မပိုင်ဘူး ဆိုရင် နောက်ပိုင်းမှာ ပြသနာ တက်မှာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ခင်ဗျား နောက်ပိုင်း သဘောမကျလို့ ပြောင်းချင်တာဖြစ်ဖြစ်၊ ပိုပြီး မြန်အောင် ရွေ့ချင်တာပဲဖြစ်ဖြစ် ဒါမျိုးတွေ လုပ်ချင်လာတဲ့အခါ လွယ်လွယ် လုပ်နိုင်ဖို့ လိုတယ်ဗျ။ ကျွန်တော်တို့လို့ ဝဘ်ဆိုဒ် ရေးပေးတဲ့ လုပ်ငန်း အများစုကတော့ ဒိုမိန်းနိမ်းဟာ ခင်ဗျားရဲ့ အပိုင်ဖြစ်ပါတယ် ဆိုပြီိး စာချုပ်မှာ လက်မှတ် ထိုးပေးတတ်ပါတယ်။ ဒါတွေက ဒိုမိန်းနိမ်းနဲ့ ပါတ်သက်ပြီိး အရေးကြီးတဲ့ ကိစ္စ သတိထားဖို့ သက်သက် ပြောပြယုံနော်။
မေး။ ဈေးကရော။
ဖြေ။ ဈေးကတော့ ဒိုမိန်းနိမ်း အတွက် တစ်နှစ်စာကို ၁၀ ဒေါ်လာလောက်ပါပဲဗျာ။ မြန်မာငွေ တစ်သောင်းလောက်ပေါ့။
မေး။ အဲဒါတွေက ကျွန်တော် မစဉ်းစားလို့ မရဘူးလား၊ ကျွန်တော်အတွက် လုံးဝ အစိမ်းသက်သက် ဆိုတော့ နားလည်ရတာ ခက်တယ်ဗျ။ ခေါင်းခြောက်တယ်။
ဖြေ။ ကျွန်တော်လဲ ကိုယ်ချင်းစာပါတယ်ဗျာ။ ဒါပေမယ့် အခုနောက်ပိုင်းမှာက တဖြည်းဖြည်းနဲ့ ဝဘ်ဆိုဒ် ဆိုတာက ခင်ဗျားရဲ့ အလုပ်အတွက် မရှိမဖြစ် လိုလာပြီဆိုတော့၊ ခေါင်းခြောက်ပေမယ့်လည်း၊ တစ်ခါလောက် အချိန်ပေးလိုက်ရင် ခင်ဗျား တောင်လျှောက် အဆင်ပြေသွားမှာပါ။ ရေရှည်ကောင်းဖို့အတွက်ဆိုတော့ နည်းနည်းတော့ သည်းခံပြီးသာ နားထောင်လိုက်ပါဗျာ။
မေး။ အေးပါဗျာ၊ တခြား ဘာသိထားဖို့လိုသေးလဲဗျ။
ဖြေ။ နောက်တစ်ခုကတော့ ဟို့စ်တင်း (Hosting) ပေါ့ဗျာ။ ဒီလိုဗျ ဝဘ်ဆိုဒ် လုပ်တယ် ဆိုတာကို အင်တာနက်ပေါ်က ရှိုးရွမ်း (Show Room) ငှားတယ် လို့ မြင်ကြည့်လို့ရတယ်ဗျ။ ခုနက ပြောခဲ့တဲ့ ဒိုမိန်းနိမ်း ဆိုတာက အဲဒီ ရှိုးရွမ်းရဲ့ ဆိုင်းဘုတ်ပေါ့ဗျာ၊ ဆိုင်းဘုတ်ပြီးတဲ့အခါကျတော့ နေရာ လိုတယ်ပေါ့ဗျာ တနည်းအားဖြင့် ခင်ဗျားလုပ်ပေးနိုင်တဲ့ အလုပ်တွေ အကြောင်း၊ ခင်ဗျား အလုပ်တွေနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ အကြောင်း အစရှိသဖြင့် အားလုံးကို ထည့်ပြီိး ပြထားဖို့ နေရာပေါ့ဗျာ။ ဒါကိုပဲ ကျွန်တော်တို့က ဟို့စ်တင်း လို့ ခေါ်တယ်ပေါ့ဗျာ။ ဒီနေရာမှာ သတိထားဖို့ အချက်က ခင်ဗျား လုပ်ငန်းအတွက် အသုံးပြုမယ် အီးမေးလ် လိပ်စာတွေ အားလုံးကိုလဲ အဲဒီ ဟို့စ်တင်းထဲမှာပဲ တစ်ခါတည်းပါပြီးသားခင်ဗျ။ အဲဒီ ဟို့စ်တင်းရဲ့ အကျယ်အဝန်း နည်းနေမယ် ဆိုရင် ခင်ဗျား ပြချင်သလောက် အချက်အလက်တွေ ထည့်လို့မရဘူး ဖြစ်တတ်တယ်ပေါ့ဗျာ။ အင်တာနက်ပေါ်မှာတော့ အကန့်အသတ်မရှိ ပမာဏ ဆိုတဲ့ ဟို့စ်တင်းမျိုး ယူထားလိုက်တာက အကောင်းဆုံးပေါ့ဗျာ။ ဟို့စ်တင်းနဲ့ ပါတ်သက်လို့ကတော့ တစ်နှစ်ကို ကုန်ကျ စရိတ် အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၄၀ ကနေပြီး ဒေါ်လာ ၅၀ ကြားထဲမှာ ကုန်ကျတတ်တယ်ဗျ။ ခုနက ပြောခဲ့ဖူးတဲ့အတိုင်းပဲ ဟို့စ်တင်းကိုလဲ ခင်ဗျားအနေနဲ့ ကိုယ်ပိုင် ဖြစ်နေဖို့ အရေးကြီးတာပေါ့ဗျာ။
မေး။ ဒါဆိုတခြား ဘာကျန်သေးလဲဗျ။
ဖြေ။ ဒီနှစ်ခုလုံးအကြောင်း သိပြီးရင်တော့ ဝဘ်ဆိုဒ် ကိစ္စပဲ ကျန်တော့တာပေါ့ဗျာ။ ဝဘ်ဆိုဒ်နဲ့ ပါတ်သက်လို့ကတော့ အမျိုးမျိုးတွေ ခွဲလို့ရပေမယ့် အဓိက ကတော့ နှစ်မျိုးပေါ့ဗျာ။ ခင်ဗျားလဲ ကြားဖူးမှာပေါ့ စတပ်တစ်ဝဘ်ဆိုဒ် (Static Website) နဲ့ ဒိုင်းနမစ် ဝဘ်ဆိုဒ် (Dynamic Website) လို့လဲ ခေါ်ကြတယ်။ ဒိုင်းနမစ် ဝဘ်ဆိုဒ်ဆိုတဲ့ နာမည်က အဓိပ္ပါယ် အများကြီးရှိပေမယ့် အခုကျွန်တော် ရည်ညွှန်းချင်တဲ့ ဒိုင်းနမစ် ဝဘ်ဆိုဒ် ဆိုတာကတော့ ကိုယ်တိုင် ပြန်ပြင်နိုင်တဲ့ ဝဘ်ဆိုဒ် ကို ဆိုလိုတာပါဗျာ။ တနည်း အားဖြင့် (Content Management System- CMS) ပါဝင်တဲ့ အချက်အလက်များကို စီမန့်ခန့်ခွဲနိုင်သော ဝဘ်ဆိုဒ် ပေါ့ဗျာ။
မေး။ ဒီနှစ်ခုက ဘာကွာတာလဲဗျ၊ အဲဒီ ဒိုင်းနမစ် CMS ဆိုတာက ကိုယ့်ဟာကိုယ် ပြန်ပြင်လို့ရတယ် ဆိုတော့ ပြင်ခမပေးရတော့ဘူး မဟုတ်လား။
ဖြေ။ ဟုတ်ပဗျာ၊ CMS ဝဘ်ဆိုဒ်ဆိုတာကတော့ လူတိုင်းသိနေကြတယ် ထင်ပါတယ်ဗျာ။ သူက ဒီလိုဗျ CMS ဝဘ်ဆိုဒ် ကိုဝယ်တယ် ဆိုရင် ခင်ဗျားအတွက် သီးသန့် ယူဇာနိမ်း (User Name) နဲ့ လျှို့ဝှက်စကား (Password) ရတယ် ခင်ဗျ။ အဲဒီ ယူဇာနိမ်းနဲ့ လျှို့ဝှက်စကားကို အသုံးပြုပြီး ဝဘ်ဆိုဒ်ကို ပြင်ဆင်လို့ရတဲ့ နေရာကို သွားလို့ရတယ်ဗျ။ ပြီိးရင်တော့ ခင်ဗျား ပြင်ချင်တာတွေ ပြင်လို့ရတယ်ပေါ့ဗျာ။ ကောင်းတဲ့အချက်ကတော့ ခင်ဗျား ပြောသလိုပဲ၊ ကိုယ်လုပ်ငန်းမှာ ရောင်းတဲ့ ပစ္စည်း၊ ပေးတဲ့ ဝန်ဆောင်မှု၊ လုပ်ငန်းရဲ့ နေရာ၊ ဈေးနှုန်း၊ ဒါတွေ ပြောင်းသွားတိုင်း ကိုယ်တိုင် လွယ်လွယ် ပြင်လို့ရတာပေါ့ဗျာ။ ပြင်ခ ထပ်မပေးရတော့ဘူးပေါ့။ အများအားဖြင့်ကတော့ ဝဘ်ဆိုဒ် လုပ်ပေးတဲ့ ဝန်ဆောင်မှု တိုင်းခုနက ပြောတဲ့ ဒိုမိန်းနိမ်းနဲ့ ဟို့စ်တင်း (Domain Name + Hosting) ကို တစ်ခါတည်း တွဲပြီိးပေးတယ်ဗျ။
မေး။ ဒါနဲ့ နှစ်စဉ်ကြေးဆိုတာက ဘာလဲဗျ။
ဖြေ။ ဒီလိုဗျ နှစ်စဉ်ကြေးဆိုတာက ဒိုမိန်းနိမ်းနဲ့ ဟို့စ်တင်း (Domain Name+ Hosting) အတွက် ပေးရတာခင်ဗျ။ နှစ်စဉ်ကြေး အနေနဲ့ကတော့ အများဆုံး မြန်မာငွေ ၆ သောင်းကနေ တစ်သိန်း ဝန်းကျင်လောက် ကုန်ကျမယ်ပေါ့ဗျာ။
မေး။ ဟုတ်ပါပြီဗျာ၊ သိပ်တော့ မများလှပါဘူး။ ခင်ဗျားတို့ လုပ်ပေးတာကရော ဘယ်လိုလဲဗျ။
ဖြေ။ ကျွန်တော်ဆီမှာတော့ လုပ်တဲ့ အလုပ်နဲ့ ပါတဲ့ ဖန်ရှင် (Functions) တွေပေါ်မှာ မူတည်ပြီိး ဈေးအမျိုးမျိုးပေါ့ဗျာ။ ကိုယ်ပိုင်အီးမေးလ် သုံးနိုင်ဖို့ ဒိုမိန်းနဲ့ ဟို့စ်တင်း သက်သက် ဆိုရင် (၅၉,၀၀၀ ကျပ်) ပါဗျာ။။
ကိုယ်တိုင် ပြန်ပြင်နိုင်တဲ့ ဝဘ်ဆိုဒ် ကတော့ ၂၄၉,၀၀၀ ကျပ်ကနေစပြီိး ရှိပါတယ်ဗျာ။ ပြောခဲ့အတိုင်း ဝဘ်ဆိုဒ် ယူရင်တော့ ဒိုမိန်းတွေ ဟို့စ်တင်းတွေ အတွက် ပါပြီိးသားပေါ့ဗျာ။ ဘာမှ ထပ်ပေးစရာ မလိုတော့ဘူးဗျ။
နှစ်စဉ်ကြေးကတော့ ၆၅,၀၀၀ ကျပ်ကနေပြီး ၉၀,၀၀၀ ကျပ်လောက် ယူပါတယ်ဗျာ။
တကယ်လို့ ခင်ဗျား အသေးစိတ်ထပ်သိချင်တယ် ဆိုရင် ကျွန်တော်တို့ ဆီကိုသာ ထပ်ပြီး ဆက်သွယ်လိုက်ပါဗျာ။ ထုံးစံအတိုင်း ကျွန်တော်တို့ လိပ်စာလေးလဲ မှတ်ထားပါဦး။ ကျွန်တော်တို့ လိပ်စာကတော့ အမှတ် ၃၅ (ဒုတိယထပ်)၊ ၁၁ လမ်း (အလယ်ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ပါဗျာ။ ဖုန်းနံပါတ်က 01-1221 325 (ဒါမှမဟုတ်) 09-250000892 ပါဗျာ။ ကျွန်တော်တို့ ရဲ့ email က sales@orgnima.com ပါဗျာ။

No comments:

Post a Comment