Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 19, 2014

ရုရှား soup






ရုရှားတွေက soup ကို နေ့လည်စာပဲ သောက်ကြပါတယ်။ ( ရုရှားလို ပြောမယ်ဆိုရင် soup ကို ''စားတယ်''။ )
soup ထဲ နို့ဆီ ထည့်ပြီး ပေါင်းမုန့် အညိုရောင်နဲ့ စားကြပါတယ်။
ရုရှား soup အမျိုးမျိုး ရှိပါတယ်။ နာမည်အကြီးဆုံးက борщ "ဘောရှ်" ဖြစ်ပါတယ်။ အရသာက ချဉ်ပါတယ်။ ဘောရှ်ရဲ့အရောင် နည်းနည်း ထူးဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အထဲမှာ မုန့်လာဥနီလိုမျိုး beet ဆိုတဲ့ ဟင်းသီးဟင်းရွက် အနီရောင် ပါပါတယ်။ ဘောရှ်ချက်နည်းတွေ အများကြီး ရှိပါတယ်။ အလွယ်ဆုံးကိုပဲ ပြောပြပါမယ်။ ပထမဆုံး အမဲသားကို ၁နာရီလောက် ပြုတ်ပါတယ်။ အမဲသား အဆင်သင့်ဖြစ်ပြီဆိုရင် beet ၊ အာလူး၊ မုန့်လာဥနီ၊ ကြက်သွန်နီ လှီးပြီး ၅မိနစ်လောက် ကြော်ပါတယ်။ ကြော်ပြီးသောအခါ အမဲသားရေထဲကို ထည့်ပါတယ်။ နောက်ထပ် မိနစ် ၂၀လောက် ပြုတ်ရင် စားလို့ရပါပြီ။
အစားအစာနဲ့ ပတ်သက်တဲ့ ရုရှားစကားပုံတစ်ခု ရှိပါတယ်။ щи да каша - пища наша ငါတို့အစားအစာက ရှီနဲ့ ကားရှာပါလို့။
တကယ်တော့ ဘောရှ်က ယူကရိန်း ရိုးရာ soup ဖြစ်ပါတယ်။ ရုရှား ရိုးရာ soup ကတော့ ရှီဆိုတာပါပဲ။
ရှီကို အသားနဲ့ ဂေါ်ဖီ ၊ အာလူး၊ မုန့်လာဥနီ၊ အခြားဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြုတ်ပါတယ်။ ဂေါ်ဖီအစိမ်း ပါတယ်ဆိုရင် ရှီ ရိုးရိုးပဲ ဖြစ်ပါတယ်။ ဂေါ်ဖီအချဉ် ထည့်ရင် ရှီအချဉ် ဖြစ်ပါတယ်။

© ဝသုန်မိုး https://www.facebook.com/wathonemoe.ru

No comments:

Post a Comment