Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 7, 2014

ဂရိမှာ ရှိတဲ့ ကမ္ဘာ့အလှဆုံး ဆိပ်ကမ်းမြို့ထဲက Parga




ဂရိနိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိနေတဲ့ မြို့ငယ်လေး ဖြစ်ပြီး သူ့ကို Parga လို့ ခေါ် ပါတယ်။ လူဦးရေ ၁၁၀၀၀ ကျော်သာ ရှိပြီး ကမ္ဘာ့ အလှဆုံး ဆိပ်ကမ်း မြို့ငယ်လေး များထဲက တစ်ခု အဖြစ် မှတ်တမ်းတင် ထား ပါတယ်။

၁၃ ရာစု ကတည်းက တည်ရှိခဲ့တဲ့ မြို့ ဖြစ်ပြီး ခေတ် အဆက်ဆက် သမိုင်းများစွာ ရှိခဲ့ ပါတယ်။ ဂရိတို့ရဲ့ ခံတပ်လည်း ဖြစ်ခဲ့ ဖူးသလို၊ ဘာသာရေး စစ်ပွဲ ကာလ အတွင်း စစ်ဘေး ဒုက္ခသည်တို့ နားခိုရာ နေရာလည်း ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာ စစ် ကာလကလည်း စစ်ဒဏ် အများအပြားခံရပြီး အပျက်အဆီးတွေနဲ့ ပြည့်နက်ခဲ့ ပါတယ်။ ပြင်သစ်၊ ဗြိတိန်တို့ လက်အောက်ကို ရောက်ရှိခဲ့ဖူးပြီး ၁၉၁၃ ခုနှစ် ရောက်မှာ ဂရိလက်ထဲကို ပြန်လည် ရောက်ရှိခဲ့တဲ့ မြို့ငယ် ဖြစ်ပါတယ်။

ယနေ့မှာ အနားယူ အပန်းဖြေ စရာ မြို့ငယ်လေး တစ်ခု ဖြစ်ပြီး ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ပင်လယ်အပျော်စီး လှေလုပ်ငန်း အစရှိသဖြင့် အပန်းဖြေ မြို့လေး တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment