Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 13, 2014

ရေပေါ်က လူနေအိမ်ရာ - MS The World




The World လို့အမည်ပေးထားတဲ့ အပျော်စီး သင်္ဘောဟာ ရေပေါ်က လူနေအိမ်ရာ တစ်ခု အဖြစ်လည်း သတ်မှတ် ထားပါတယ်။ အကြောင်း ကတော့ သင်္ဘောပေါ်က အခန်းတွေကို ခရီးစဉ် လိုက်ပါသူတို့က ပိုင်ဆိုင်လို့ ဖြစ်ပါတယ်။

လူနေခန်း ၁၀၆ ခန်း၊ Music studio ၁၉ ခု၊ အခြား စတူဒီယို အခန်းပေါင်း ၄၀ ပါဝင်ပြီး ခရီးသည်ပေါင်း ၂၀၀ နဲ့ အလုပ်သမားပေါင်း ၂၅၀ စုစုပေါင်း ၄၅၀ အထိ လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ အခန်းတွေကို အပိုင်ဝယ်လို့ရ ပါတယ်။ အမေရိကန် ဖလော်ရီဒါပြည်နယ်က ကုမ္မဏီတစ်ခု ပိုင်ပေမယ့် ဘဟားမား ဆိပ်ကမ်းမှာ မှတ်ပုံတင်ထားတဲ့ လှေ ဖြစ်ပါတယ်။

ကမ္ဘာပတ်ဖို့အတွက် တည်ဆောက်ထားပြီး အမြဲလိုလို ခရီးသွားနေပါတယ်။ အခန်းပိုင်သူများအနေနဲ့ ကြုံ ရာဆိပ်ကမ်းကနေ တက်စီးရုံပါပဲ။ အခန်းတွေ ကလည်း အင်မတန် ဈေးကြီးပါတယ်။ တိုက်ဂါးဝုဒ်လို့ ကမ္ဘာကျော် ဂေါက် ရိုက် သမားလည်း အခန်းတစ်ခန်း ပိုင်ထား ပါတယ်။ ပျမ်းမျှတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ သန်းတန်ကြောင်း ဆိုပါတယ်။ နှစ်စဉ် ပြင်ဆင်စရိတ် အတွက် အမေရိကန်ဒေါ်လာ ၇သောင်းဆီ ပေးဆောင်ရကြောင်း ဆိုပါတယ်။

အိမ်ရာ ကွန်ဒို တစ်ခုလိုကို သဘောထားပြီး ကုန်ကျစရိတ်က အမြဲတမ်း ရှိပါတယ်။ ၂၀၀၂ ခုနှစ် မတ်လမှာ စတင် လည်ပတ်တဲ့ သင်္ဘောကြီး ဖြစ်ပြီး ၁၂ ထပ် သင်္ဘော ဖြစ်ပါတယ်။ ၆၄၄ ပေ ၂ လက်မ အရှည်ရှိ ပါတယ်။ MS The World ဟာ ယနေ့မှာ ကမ္ဘာ့ ဈေးအကြီးဆုံး အိမ်ရာအဖြစ်ကော၊ အပျော်စီး သင်္ဘောအဖြစ်ကော အသိမှတ်ပြုခံထားရကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment