Lytro ကင်မရာကို ပိုင်ဆိုင်ရတဲ့ အကျိုးအမြတ်တစ်ခုကတော့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြန်ပြင်လို့ ရနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပုံတွေက သီးသန့်မူပိုင်ဖောမတ် ( proprietary format) နဲ့ ရှိတာကြောင့် အဲဒီဓာတ်ပုံတွေကို အွန်းလိုင်းပေါ် တင်ရတာတော့ သာမန် JPEG ဓါတ်ပုံတစ်ပုံကို တင်ရတာထက် နည်းနည်းလေးတော့ ခေါင်းစားတယ်။ Photo-sharing site 500px ပုံတွေကို အင်တာနက်ပေါ်တင်လို့ရစေနိုင်ပြီး အပြန်အလှန် ဓါတ်ပုံတွေကို ဖော်ပြပေးပါတယ်။ Lytro ကင်မရာကနေ ပုံတွေကို ပြုပြင်လို့ရတဲ့ တချို့ နည်းလမ်းတွေက ပစ်မှတ်ကိုပြောင်းလဲချိန်မှတ်ခြင်း အနီးအဝေးချိန်ညှိဖို့ ခလုတ်တွေကို နှိပ်ပေးခြင်း၊ ဆွဲပေးခြင်း (သို့) zoom ချဲ့ဖို့ double click နှိပ်ခြင်းတို့ဖြစ်ပါတယ်။ 500px မှာ Lytro နဲ့ရိုက်ထားတဲ့ အကောင်းပုံတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင် အထူးဖော်ပြပေးတဲ့ စာမျက်နှာတစ်ခုရှိတယ်။
Source: cnet.com
Trend Myanmar
No comments:
Post a Comment