Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 20, 2014

ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏PR နှင့်ပတ်သက်၍ဆွေးနွေးချက်
ကျွန်တော့်အနေနဲ့ ပုဇွန်တောင် မဲဆန်္ဒနယ်မှ ဦးအောင်ဇင်ရဲ့အဆိုနဲ့စပ် လျဉ်းပြီးကန့်ကွက်ဆွေနွေးသွားမှာဖြစ်ပါ တယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၃ ခုနှစ်၊ ဇန်န၀ါရီလ ၉ရက်စပြီးတော့ ၂၀၀၇ခုနှစ် စက်တင်ဘာလ ၃ရက်အထိ အမျိုးသားညီလာခံ၌ ၁၄နှစ်ကျော်ကြာဆွေးနွေးခဲ့ကြတယ်လို့ ဂုဏ်ယူပြီးပြောခဲ့ ကြပါတယ်။ အဲဒီတုန်းကမဲများသူအနိုင် ယူစနစ်ဖြစ်တဲ့ င်္ဏွှဏစနစ်နဲ့ဆိုင်တဲ့ အခြေခံရမယ့်မူများ၊ အသေးစိတ်အခြေခံရမယ့်မူများကိုညီလာခံကိုယ်စားလှယ် များကဆွေးနွေးခဲ့ကြပါတယ်။ ထောက်ခံလည်းထောက်ခံခဲ့ကြပါတယ်။ ဘယ် လောက်တောင် ထောက်ခံလိုက်သလဲဆိုရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအခန်းများအတွက် တင်ပြနိုင် ရန် သက်ဆိုင်ရာအစုအဖွဲ့များကစာတမ်းများ ပြုစုနေဆဲအချိန်မှာထိုစဉ်ကတစ်ခုတည်းသောလူမှုရေးအသင်းကြီး က ၁၅-၉-၁၉၉၄ရက်မှာ နှစ်ပတ်လည် သင်းလုံးကျွတ် အထူးအစည်းအဝေးပွဲ ကြီးပြုလုပ်ပြီးညီလာခံကျင်းပရေးလုပ် ငန်းကော်မတီဥက်္ကဋ္ဌရဲ့ ရှင်းလင်းပြောကြားချက်ကို လုံးဝထောက်ခံခဲ့ကြပါတယ်။ ဒါဟာ င်္ဏွှဏစနစ် ကျင့်သုံးဖို့လက်ခံခဲ့ကြ ခြင်းဖြစ်ပါတယ်။ အဲဒီတုန်းက ဏျွ စနစ် ကျင့်သုံးဖို့ ဘာကြောင့် မဆွေးနွေးခဲ့ကြပါ သလဲ။ ယခုမှ ကောက်ကာငင်ကာဘာကြောင့် ကျင့်သုံးချင်ကြပါသလဲဆိုတာကိုထူးခြားဆန်းကျယ်အံ့သြဖွယ်ဖြစ်ရပါ တယ်။
လွှတ်တော်ဥက်္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျာ၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်ရှုလေ့လာကြည့် တဲ့အခါ နိုင်ငံတော်အခြေခံမူများပုဒ်မ ၁၂(ခ)မှာ ပြည်ထောင်စုလွှတ်တော်တွင် မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း၊ ရွေးကောက်တင်မြှောက်ရန်၊ ပုဒ်မ ၃၈(ခ) တွင် ရွေးကောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကိုသက်ဆိုင်ရာမဲဆန်္ဒရှင် များကဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိရန်၊ ဥပဒေပြုရေးပုဒ်မ ၇၄(က)မှာ ပြည်ထောင်စုလွှတ် တော်၌ ပုဒ်မ ၁၀၉ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်းရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များပါဝင်ရန်၊ ပုဒ်မ ၁၀၉(က)တွင် မြို့နယ်ကိုအခြေခံ ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း၊ မြို့နယ် ၃၃၀ထက်ပိုမို လာပါကအသစ်ဖွဲ့စည်းသည့်မြို့နယ်ကိုတစ်ဆက်တစ်စပ်တည်းဖြစ်သောသင့် လျော်သည့်မြို့နယ်တစ်ခုခုနှင့် ပူးပေါင်း၍ လည်းကောင်းဥပဒေနှင့်အညီမဲဆန်္ဒနယ် သတ်မှတ်၍ ရွေးကောက်တင်မြှောက် သည့် ၃၃၀ဦးထက်မပိုသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရွေးကောက်တင်မြှောက်ခြင်းအခန်းမှာပုဒ်မ ၃၉၃(က) တွင် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးသည် ရွေးကောက်ပွဲတစ် ရပ်တွင် လွှတ်တော်တစ်ရပ်အတွက်သာရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊ (ခ) မဲဆန်္ဒတစ်နယ်တွင် ရွေးကောက် တင် မြှောက်ခံရန် ယှဉ်ပြိုင်ခွင့်ရှိသည်။ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန် များပုဒ်မ ၃၆၉(ခ)တွင် သက်ဆိုင်ရာမဲဆန်္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ် မှ လွှတ်တော်ကိုယ်စားလှယ်ကိုဥပဒေ နှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းမှာဆိုရင်လည်းပုဒ်မ ၃၉၆(ခ)တွင် သက်ဆိုင် ရာမဲဆန်္ဒနယ်၏ မူလမဲဆန်္ဒရှင်များအနက် အနည်းဆုံး ၁ရာခိုင်နှုန်းက တာဝန်မှပြန် လည်ရုပ်သိမ်းလိုသောလွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်ခဲ့သည့် တိုင် တန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ကြရမယ် စသည်တို့ ပြဋ္ဌာန်းခဲ့ပါတယ်။
လွှတ်တော်ဥက်္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျာ။ ဤပြဋ္ဌာန်းချက်များအရဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမဲများသူအနိုင် ယူသည့်စနစ် င်္ဏွှဏရွေးကောက်ပွဲစနစ် အတွက်သာရေးဆွဲထားသည်ကိုလေ့ လာတွေ့ရှိရပါတယ်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၉-၅-၂၀၀၈တွင် အတည်ပြု ပြဋ္ဌာန်းကြောင်းကြေညာခဲ့ပါတယ်။ အဲဒီလိုအာဏာသက်ရောက်ပြီးမှ နိုင်ငံရဲ့ အထွဋ်အထိပ်ဥပဒေ၊ အခြေခံအကျဆုံးဥပဒေဖြစ်တဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာမူတည်ပြီး ၂၀၁၀ခုနှစ်မှာ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ နှင့် နည်းဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေတို့ ကို င်္ဏွှဏစနစ်ကျင့်သုံးနိုင်ရန် ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်ပါတယ်။ ဒါကဘာကိုဆိုလိုသလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော် လွန်ပြီးဆန့်ကျင်ပြီးကျန်ဥပဒေများကိုရေးဆွဲပြဋ္ဌာန်းလို့မရဘူးဆိုတဲ့ ဥပဒေရဲ့ ပင်မအခြေခံသဘောတရားဖြစ်ပါတယ်။ ယခု ဏျွ စနစ်ကျင့်သုံးချင်တယ်ဆိုရင်၊ ကျင့်သုံးမယ်ဆိုရင် အဲဒီစနစ်ကိုကျင့်သုံး နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီး ပြီလား။ ဦးစွာကြည့်ရမှာဖြစ်ပါတယ်။ မပြဋ္ဌာန်းရသေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီး ဏျွ နဲ့ဆိုင်တဲ့ ရွေးကောက်ပွဲဥပဒေများကိုရေးဆွဲပြဋ္ဌာန်းဖို့ ဘယ်လိုမှ မရနိုင်ပါ။ ဏျွစနစ် ကျင့်သုံး နိုင်ရန်ဆိုရင် ယခုတင်တဲ့အဆိုဟာဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ့် အခြေအနေဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂မှာ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ခြင်းနည်းလမ်းများအရဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းနဲ့ သက်ဆိုင်နေတဲ့ အဆိုတစ်ရပ် ဖြစ်နေပါတယ်။
ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဥပဒေတစ်ခုဟာဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်မှသာအာဏာသက်ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ နိုင်ငံတော်အခြေခံမူများနှင့်အညီအလေးဂရုပြုဆောင်ရွက်ရမှာဖြစ်တယ် ဆိုတဲ့အကြောင်းပညာရှိသတိဖြစ်ခဲမဖြစ်စေဖို့ အထူးသတိပြုကြရမှာဖြစ်ပါ တယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုးရိုးစကားကိုမမေ့မလျော့ကြရန် အထူးလိုအပ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံတွင် ဒီမိုကရေစီအမြစ်တွယ်ရေး ကြိုးစားနေကြတဲ့ ကျွန် တော်တို့ကိုယ်စားလှယ်တွေဟာဒီမိုကရေစီအမြစ်ဖယ်ရေးမဖြစ်စေဖို့ သတိ ပြုကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ကိုလည်းထိခိုက်ဆုံးရှုံးမှုဖြစ် စေရန် အလေးအနက်ထားကြရမှာဖြစ်ပါ တယ်။ သတိကြီးစွာထားပြီးဆုံးဖြတ်ကြ ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်များရဲ့ ယနေ့ ဆုံးဖြတ်ချက်များဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ပြည်ထောင်စုသားများရဲ့ ဘ၀ကံကြမ်္မာလည်းဖြစ်ပါ တယ်၊ ဤလွှတ်တော်ကြီးရဲ့ သမိုင်းပုံရိပ် လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ် စားလှယ်များရဲ့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းမှတ်တိုင်လည်းဖြစ်ပါကြောင်းဆွေးနွေးတင်ပြအပ်ပါတယ်ခင်ဗျား။

No comments:

Post a Comment