Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 16, 2014

Facebook မှတဆင့် (၁၂)နှစ်သားကို လက်သပ်မွေးပြီး လိင် အသုံးချခဲ့သောသူ ထောင် ကျ




အမေရိကန်ပြည်ထောင် စုဖလော်ရီဒါပြည်နယ်မှ Joy Leaann McCall ဆိုသူ အသက်(၃၆)နှစ်အရွယ် အမျိုးသမီးသည် (၁၂)နှစ်သား ယောက်ျားလေးတစ်ဦးကို Facebook ပေါ်မှတဆင့် လက်သပ်မွေးပြီး လိင်အသုံးချခဲ့သဖြင့် ထောင်(၁၀)နှစ်ကျခံရန် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သူမက (၁၂)နှစ်သားကို Facebook မှတဆင့် စာတိုများပို့ပြီး ချဉ်းကပ်ခဲ့ကာ နောက်ပိုင်းတွင် စာတိုများ ခပ်စိပ်စိပ်ပို့၍ သူမ၏ အတွင်းခံဖြင့် ရိုက်ထားသည့်ပုံများကို ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် သူမက ထို(၁၂)နှစ်သားအား Shopping Mall တစ်ခုမှ သူကားဖြင့် ခေါ်ယူခဲ့ကာ ကားနောက်ပိုင်းတွင် ကလေးနှင့်အတူ လိင်မှုပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နောက်ငါးရက်အကြာတွင် သူမအား ထပ်ဆက်သွယ်ခဲ့သော ကလေးအား သူမကားဖြင့် သစ်တောတစ်ခုထဲ ခေါ်သွားကာ ထပ်မံ၍ သားမယားလို လိင်မှုပြုခဲ့ကြောင်းလည်း သိရသည်။

နောက်တစ်ကြိမ်မှာလည်း သစ်တောတစ်ခုထဲတွင် ထပ်မံ၍ အလားတူ ဆက်ဆံခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ လိင်မှုပြုခြင်းအား ကလေးက သူငယ်ချင်းများနှင့် နှုတ်ကျွံပြောထွက်ခဲ့သဖြင့် ၎င်း၏သူငယ်ချင်းက ကောင်လေး၏အမေကို ပြန်ပြောပြရာမှ သိခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် Joy Leaann က ကလေးနှင့် သူမ လိင်ဆက်ဆံခဲ့ကြောင်း ရဲကိုဝန်ခံခဲ့သည်။


ပုံရိပ်(burmesehearts.com)

http://www.burmesehearts.com/

 


ပြန်လည်မျှဝေပါတယ်
လေးစားလျှက်
Myat Htut

No comments:

Post a Comment