Miss Supranational Myanmar 2013 အလှ မယ် အနေ နဲ့ ဘီလာရုစ်နိုင်ငံ
မှာသွားရောက် ယှဉ်ပြိုင်ခဲ့ ပြီးနောက် Miss Golden Land Myanmar
Organization နဲ့တစ်နှစ် စာချုပ် ချုပ်ပြီး အနုပညာအလုပ်တွေရော၊ ပရဟိတ
အလုပ်တွေပါ မျှပြီးလုပ်ကိုင် နေတဲ့ ခင်ဝင့်ဝါက Organization ဘက်က
သရဖူလွှဲပေး ခွင့် ပိတ်လိုက်တဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်းကို
“သူတို့အနေနဲ့ ဂျာနယ်တွေ မှာပါလာတဲ့ သရဖူသိမ်း ခံရမယ်၊ သရဖူလွှဲ
မပေးခိုင်းတော့ဘူး ဆိုတာကို တရား ဝင် ကြေ ညာထားတယ်။ အဲဒီလိုတွေ့ရ တဲ့အတွက်
ညီမ စိတ်မကောင်းဘူး။ ကိုယ်က ပထမဦးဆုံး အနေနဲ့ ပြိုင် လာပြီးတော့မှ
နောက်လူကို လွှဲပေးခွင့် မရဘူး ဆိုတော့ ခံတော့ ခံစားရတာပေါ့။ သူတို့နဲ့ ညီမ
တစ်နှစ်စာ ချုပ်ချုပ်ထားတဲ့ အတွက် authority တွေအားလုံး၊
လုပ်ပိုင်ခွင့်တွေ အားလုံးက သူတို့ လက်ထဲမှာပဲ။ သူတို့က မလွှဲခိုင်း ဘူး။
သူတို့က ပြန်သိမ်းချင်တယ် ဆိုရင်လည်း ဒါသူတို့ သဘောပဲ။ ညီမတို့မှာ ဘာမှ
ပြောပိုင်ခွင့် မရှိဘူး။ ညီမအနေ နဲ့ သိချင် တာကတော့ သူတို့ဂျာနယ် မီဒီယာတွေ
မှာ ပြောထားတဲ့ Miss Myanmar တစ် ယောက်ရဲ့တာဝန် မကျေတဲ့ အတွက် စည်းကမ်း
ဖောက်ဖျက်တဲ့ အတွက် ကြောင့်နောက် လူကို သရဖူ မဆောင်းခိုင်း ဘူးတို့၊
စာချုပ်ပါ စည်းကမ်းချက်တွေ ဖောက်ဖျက်တယ်။ သူတို့ကို အကြောင်းမ ကြားလို့
ဆိုတာတွေ ရေးထားတာ တွေ့ရတယ်။ အဲဒီ အကြောင်းတွေကို ညီမ ရှင်းရှင်း လင်းလင်း
သိချင်တယ် ညီမ အရင်ကတည်း ကနေ အခုအ ချိန်ထိ ကာရိုက်တာ မဖောက် ပြားခဲ့သလို၊
ကိုယ်ကျင့်တရားလည်း မဖောက်ပြားခဲ့သလို၊ အကျင့် စာရိတ္တတွေ၊ ကိုယ်ကျင့်
တရားတွေ စိတ်နေစိတ်ထား တွေရော အပြောအဆို အမူအရာလည်း မဖောက်ပြားခဲ့ ဘူးဆို
တာ ညီမနဲ့ အရင်က ပတ်သက်ခဲ့တဲ့ သူတွေ ဆရာသမားတွေ ပဲဖြစ်ဖြစ် ၊မီဒီယာ အစ်ကို
အစ်မတွေပဲ ဖြစ် ဖြစ်၊ အနုပညာ အသိုင်းအဝိုင်း ကအစ်ကို အစ်မတွေရော သိကြတယ်။
ဘာကြောင့်များ ညီမကို စာချုပ်ပြည့်ခါနီး တစ်လအ လိုမှာ အခုလို လုပ်လဲဆိုတာ
သိချင်ပါတယ်” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 29, 2014
သရဖူ လွှဲပေးခွင့် မရှိတော့လို့ စိတ်မကောင်း ဖြစ်ရတယ် ဆိုတဲ့ ခင်ဝင့်ဝါ
သရဖူ လွှဲပေးခွင့် မရှိတော့လို့ စိတ်မကောင်း ဖြစ်ရတယ် ဆိုတဲ့ ခင်ဝင့်ဝါ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 29, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment